18

5.5K 328 24
                                    

"ဟာာာာ"

ဝုန်းးးးဒိုင်းးးးးခွမ်းးးးးး

အလုပ်စားပွဲပေါ်က ရှိသမျှပစ္စည်းတို့ကို တွန်းချကာကျွန်းသစ်သားစားပွဲခုံကြီးကိုပါ ဆွဲလှန်လိုက်တဲ့ သူဌေး Jeon..ဒါဟာတော်ရုံဒေါသထွက်နေခြင်းမဟုတ်တော့..

သူရဲ့ရှေ့မလှန်းမကန်းမှာ ရပ်လို့နေတဲ့ သက်တော်စောင့်တယောက် သူဌေး Jeon ထက်ကို အရပ် အမောင်းကအစထွားပေမယ့် သူဌေး Jeon ခုလို ဒေါသထွက်ပြီးဆို အနည်းငယ်တော့တုန်လှုပ်မိတာအမှန်ပင်..

" ဒီကောင်တွေခုထိအမြစ်မပျက်သေးဘူးလား!!!!"

" သူတို့ဘက်က အိမ်ခွေးတွေလို သစ္စာစောင့်သိကြတဲ့သူတွေကျန်နေသေးတာပါ Boss "

"တောက်!!! တွေ့အောင်ရှာပြီး ငါရှေ့ကိုခေါ်လာခဲ့ မဟုတ်ရင် မင်းတို့ပါပြန်မလာနဲ့.. ကားအဆင်သင့်ပြင်ထား ငါဟိုကိုသွားမယ် "

" Boss ဒီနေ့စမ်းသပ်ရမယ့် ဆေးတမျိုး ရောက်နေပါပြီ "

ဆေးလိပ်ကိုတချက်ရှိုက်ကာ အငွေ့တို့ကိုမှုတ်ထုတ်ရင်းနှုတ်ခမ်းတဖက်တွန့်ကွေးရုံမျှပြုံးကာ

" အဆင်ပြေသွားတာပေါ့ "

CHARACTER

တနေကုန် ကြော်ငြာအတွက် ဓာတ်ပုံရိုက်နေရင်း ခဏအနားယူနေတဲ့ Taehyung..

" Hyung အေးတယ် "

"ငါမပြောဘူးလား မင်းပဲအဲ့လိုရိုက်ချင်လှပြီရဲ့ဆို
နေမကောင်းသေးတာကို အရမ်းအဲ့လိုလုပ်ချင်
နေရင်းထိုင်ရင်း ပြန်ဖျားလို့ ငါကကြားထဲကနဂါးမျက်လုံးနဲ့အကြည့်ခံရအုံးမယ် "

" ဘယ်သူက "

" သူဌေး Jeon က "

"ကြောက်တယ်ပေါ့ အဲ့လူကြီးကြတော့ ဟွန့် အေးတယ် အေးတယ် "

" ခဏလေး Dryer နဲ့ဆံပင်အခြောက်ခံရင် လေပူမှုတ်ပေးမယ်ကိုယ်လုံးကိုနွေးသွားအောင် "

" ဟုတ် "

ရေစိုနေတဲ့ ခေါင်းကို သဘက်နဲ့သုတ်ပေးနေတာကို ဇိမ်ခံနေတဲ့ Taehyung ဖုန်းလေးကို ဟိုပွတ်ဒီပွတ်ကြည့်နေရင်း ဖုန်းဝင်လာလို့ ခေါင်းသုတ်တာကို ခဏရပ်ကာ ဖုန်းဖြေလိုက်သည်..

CHARACTER (complete) Where stories live. Discover now