အိမ်အပြန်ကားပေါ် ခုဏက သူဌေးJeon ပွေ့ချီကာ တင်ပေးထားတဲ့အတိုင်း ဘေးတစောင်းခွေခွေလေးလိုက်လို့တဲ့ Taehyung..
ခြုံပေးထားတဲ့ပုဝါကိုအနည်းငယ်ဆွဲချကာ သူဌေး Jeon ဘက်မျက်နှာမှူထားတာကြောင့် သူဌေးJeon ဘက် ပြတင်းပေါက်ကနေ မိုးရေတို့စီးကျနေတာကိုကြည့်ပြီး.
" Mr.Jeon ကျွန်တော် မိုးရေထဲဆော့ချင်တယ် "
Taehyung ရဲ့စကားတခွန်းတိုင်းက သူဌေးJeon အတွက်နံပါတ်ဦးစားပေးဖြစ်သလို မရဘူးဆိုတာမရှိလောက်အောင် Taehyung အပေါ် သူဌေး Jeon ရဲ့အချစ်တွေက စံထားလောက်စရာ..
တီ...တီ....တီ...
#ဟုတ်ကဲ့ သူဌေး #
#အဝေးပြေးဂိတ်ရောက်ရင် နောက်ဘယ်သူကားပဲဖြစ်ဖြစ် ကားတွေအကုန် ဂိတ်ပေးမထွက်နဲ့လို့မှာခဲ့လိုက် #
#ဟုတ်ကဲ့ သူဌေး #
အဝေးပြေးဂိတ်ကိုသူတို့ကားတွေဖြတ်လာပြီးတာနဲ့ နောက်ကမည်သူ့ကားမှ လိုက်ပါခွင့်မရှိ ဂိတ်ကိုပိတ်ချလိုက်သည်..အဝေးပြေးလမ်းမကြီးပေါ် နောက်ပါအခြံအရံကားဆယ်စီးက သူတို့ရဲ့ကားလေးကို စက်ဝိုင်းပုံစံရပ်လိုက်ပြီးကာ လို့ထားသည်..
ကားပေါ်က ဆင်းလာတဲ့Taehyung ဟာ သူရဲ့ကားရှေ့ မိုးရေထဲ စိတ်ရှိတိုင်းခုန်ပေါက်ကာဆော့ကစားလို့နေတာကို ကားပေါ်ကနေဆင်းလာတဲ့ သူဌေး Jeon အနောက်ကနေသက်တောင်စောင့်တယောက်ကထီးမိုးလို့ပေးထားကာ ကားခေါင်းရှေ့ မက်တပ်ရပ်လို့ ဆေးလိပ်ဖွာရင်း မိုးရေထဲ ပျော်ရွှင်စွာလွတ်လွတ်လပ်လပ်ကခုန်နေတဲ့ သူရဲ့ ကလေး Honey ကို ပြုံးပြုံးကြီးကြည့်လို့နေသည်.
မိုးရေထဲ လက်နှစ်ဘက်ကိုဖြန့်လို့ ခေါင်းလေးမော့ကာ မျက်နှာပြင်ပေါ်ကျလို့လာတဲ့ မိုးရေစက်တွေကြောင့်သဘောတကျပြုံးနေတဲ့ Taehyung..
ဝတ်ထားတဲ့ အပေါ်ကုတ်အကျီကိုချွတ်လိုက်တော့ အောက်ခံ Shirt အကျီ အဖြူရောင်အပါးလေးကရေတွေစိုနေတာမို့ အတွင်းသားခန္တာကိုယ်အလှကိုအထင်းသားမြင်နေရသည်..
ထိုသို့အပြုအမှုကြောင့် ကားပေါ်ရှိသက်တော့စောင့်အားလုံးဟာ ကားပေါ်ကဆင်းလို့ ကားရဲ့တဖက်မှာသွားရပ်ကာ ကျောပေးထားရသည်..မည်သူတဦးတယောက်မှ မျက်လုံးမပြောနဲ့စိတ်နဲ့တောင်ကြည့်ချင်စိတ်မဖြစ်ပေါ်အောင်ထိမ်းရသည်..
![](https://img.wattpad.com/cover/350910909-288-k367201.jpg)