10

5.7K 406 21
                                    

( လက်တွေ့ မော်ဒယ် ဘဝနဲ့ ကျမရဲ့ Fic နဲ့က လားလားမျှတူမည်မဟုတ်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်ရှင့် အဓိက ဇာတ်ကောင်ကိုပဲ အသားပေးရေးတာမို့ အခြားလုပ်ငန်းကိစ္စတွေက ကျော်ပါမယ်ခွပါမယ်နော် )

နာမည်ကြီး မော်ဒယ် တယောက်ဖြစ်ပေမယ့် ဘဝကိုရိုးရိုးလေးသာဖြတ်သန်းနေတဲ့ Taehyung..တနေ့တနေ့ လုပ်စရာအချိန်ဇယားမရှိရင် တနေကုန်အိမ်ထဲမှာပဲ နေကာ ဂိမ်းဆော့သည်..

တခါတရံသူငယ်ချင်းတွေနဲ့လျှောက်လည်တက်သည်..ဒါဟာသူရဲ့ဘဝဖြတ်သန်းပုံလေးပဲ..

ဒီနေ့လည်း အချိန်ဇယားတွေမရှိတာကြောင့် အိမ်ထဲမှာ သာ Tv ကြည့်ရင်းဖြတ်သန်းနေချိန် မန်နေဂျာ Hobi စီက ဖုန်းဝင်လို့လာသည်.

" အင်း Hyung ပြော "

" Taehyung ဒီနေ့အားတယ်မဟုတ်လား "

" ကျွန်တော်အားတာ Hyung အသိဆုံးလေ ဘာဖြစ်လို့လည်း အဲ့လောက်စကားပလ္လင်ခံနေရတာလည်း "

" ဟိုလေ သူဌေး Jeon ရဲ့ တပည့်က ဖုန်းဆက်တယ် ကြော်ငြာကိစ္စစကားပြောစရာရှိလို့ အဲ့တာ သူဌေးJeon က ညစာတူတူစားဖို့ ဖိတ်တယ်တဲ့ "

" ဘာလို့စားရမှာလည်း ကြော်ငြာကိစ္စက ဟိုတနေ့ကလေးတင်ကျွန်တော်အကုန်ပြောပြီးပြီလေ Hyung မဟုတ်မှလွဲလို့ "

" အင်း Taehyung Hyung လက်ခံလိုက်တယ် "

" မသွားဘူး Hyung လက်ခံတာ Hyung ဘာသာသွား "

Hobi တယောက် ဖုန်းပြောနေရင်း ထိုင်ရမလိုထရမလိုဖြစ်နေပြီလေ.. သူက သူဌေး Jeon ကိုကြောက်သလို သူဌေး Jeon ရဲ့ တပည့်တွေကိုလည်းကြောက်တာကြောင့် ဖုန်းတောင်ကြာကြာမပြောပဲလက်ခံလိုက်တာ ခုတော့..

" Taehyung ရယ် အဲ့လိုမလုပ်ပါနဲ့ ငါအသက် ကြီးတဲ့သားတွေသမီးတွေနဲ့နေချင်သေးတယ်
လေ "

" မသိဘူး "

" ဟဲဟဲ ငါ့ညီကအဲ့လိုလိမ္မာတာ အဲ့တာကြောင့်ငါကမင်းနဲ့ပဲအလုပ်လုပ်ချင်နေတာ ဒါပဲနော် ညနေ Hyung လာခေါ်မယ် အဆင်သင့်ပြင်ထားပေး "

" Hyung! !!!"

တီတီတီ...

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ မန်နေဂျာ Hobi..ထပ်မှန်ဖုန်းဝင်လာတာကြောင့် ဖုန်းကို မကြည့်တော့ပဲ Hobi အထင်နဲ့ အော်လိုက်တဲ့ Taehyung..

CHARACTER (complete) Where stories live. Discover now