ဖြောင်းး
" ဒီရက်ပိုင်းအလုပ်တွေကို သေချာမလုပ်ပဲဘယ်တွေအလေလိုက်နေတာလည်း ဟမ်!! ဘာတဲ့လိင်တူချစ်သူဟုတ်လား ဘာတွေအရူးထနေတာလည်း အလုပ်ကိုသေချာမလုပ်ပဲ စောက်ရေးမပါတာတွေလုပ်နေတာလား! !!"
" ဘယ်ဟာကစောက်ရေးမပါတာလည်း ကျွန်တော်အတွက် အရမ်းကိုအရေးပါတယ် စောက်ရမ်းကိုအရေးပါတယ် "
" မင်းဟာလေ အခြေအမြစ်မရှိတဲ့ အလုပ်တွေကိုခုထိလုပ်နေတုန်းပဲ အဲ့ဒါကြောင့်လည်း မင်းကခုထိမင်းအကိုလောက်ဘာအသုံးမှမကျဘူး စောက်သုံးတစက်မှမကျတဲ့ကောင်ပဲ "
" ဟက် အဲ့စောက်သုံးမကျတဲ့ ကောင်ကပဲ ဒီစောက်လုပ်တွေကိုလုပ်လာလို့ ဒီနေရာထိရောက်လာတာလေ ဒီစောက်သုံးမကျတဲ့ ကောင်ကြောင့် Jeon Group ဆိုရင်ဘယ်ကောင်မှမော်မကြည်ရဲတာလေ ပြောစမ်းပါအုံး အဖေရဲ့ တော်လှပါတယ်ဆိုတဲ့ သားကြောင့် စောက်ပြသာနာတွေဘယ်လိုရှင်းခဲ့ရလည်းဆိုတာကို "
" အဲ့ကိစ္စက ငါ့သားနဲ့ဘာမှမဆိုင်ဘူး!!!!"
" ဟုတ်လား မဆိုင်ဘူးပေါ့ ဟားဟားဟား ဥက္ကဌကြီး Jeon Jungwoo ရယ် ဟာသတွေသိပ်မပြောနဲ့ အတွင်းသိနေတဲ့ သားရှေ့မှာ အဲ့လိုပြောတော့ ရယ်ချင်စိတ်ကထိန်းမရတော့ဘူးဗျ "
" Jeon Jungkook!!! မင်းအဖေကိုဘယ်လိုပြန်ပြောနေတာလည်း "
" အမေရော ဘာထူးလည်း အမေဗိုက်ထဲက ထွက်လာတဲ့သားချင်းတူတူတောင် သားကိုကျတော့ ဘာလို့နည်းနည်းလေးတောင်ဂရုမစိုက်ရတာလည်း..သားကိုကျတော့ဘာလို့နည်းနည်းလေးတောင် မကြင်နာရတာလည်း..သားကိုကျတော့ ဘာလို့နည်းနည်းလေးတောင်မချစ်ရတာလည်း!!!!"
ဖြောင်း
" မိဘကိုဆော်ကားနေတာ ငါတို့မွေးလို့ဒီအရွယ်ထိရောက်လာတာကိုများ "
" ဟားဟားဟား အဖေနဲ့ အမေက ရယ်စရာတွေသိပ်ပြောတာပဲ ပိုက်ဆံပေးပြီးအိမ်ဖော်ခေါ် အိမ်ဖော်ကကျွေး အိမ်ဖော်ကမွေးလာတာလေ ပိုက်ဆံကြောင့်ဒီအရွယ်ထိရောက်လာတာပါ အဲ့ပိုက်ဆံတွေကိုလည်း ခုကျွန်တော်ပြန်ရှာပေးနေတယ်လေ အဆပေါင်းသိန်းနဲ့ချီကွာနေပြီဆိုတာရောသိရဲ့လား "