11

5.4K 389 10
                                    

ကိုရီးယားနိုင်ငံရဲ့ တရုတ်တန်းလို့ပြောရမယ့် တရုတ်လူမျိုးအများဆုံးရှိကာ ဒုစရိုက်မျိုးစုံဖြစ်တဲ့ အရက်ဆိုင် ဖဲဝိုင်း မူးယစ်ဆေးစတဲ့ အရာမျိုးစုံတနေရာထဲမှာရတဲ့နေရာ..ဒုစရိုက်သမားတို့ရဲ့ အမိအိမ်လို့တောင်ပြောရမယ်နေရာတခုပေါ့...

ဆံပင်အရှည်နဲ့ နေကာမျက်မှန်တပ်ကာ ခေါင်းစွပ်အနွေးထည်ကိုဝတ်လို့ လက်ထဲမှာလည်းဖိုင်တွဲတခုကိုကိုင်ကာ လက်တဖက်က ဆေးလိပ်ကိုဖွာရင်း လျှောက်လို့လာတဲ့လူတယောက် မြေအောက်ခန်းလှေကားထိပ်နားအရောက် ဘယ်ပြန်ညာပြန်တချက်ကြည့်ကာ သောက်လက်စဆေးလိပ်ကို မြေကြီးပေါ်ပြစ်ချကာ ခြေထောက်ဖြင့်နှင်းခြေပြီး ထိုမြေ အောက်ခန်း လှေကားအတိုင်းဆင်းလို့သွားသည်..

ဘုံးး

အပြင်လောကနဲ့လားလားမျှမသက်ဆိုင် အပြင်ကကြည့်ရင်မသိနိုင်တဲ့ ထိုမြေအောက်ခန်းက မီး​ရောင်တွေက ထိန်လင်းလို့နေပြီး နေရာအစုံမှာ စာရွက်စာတန်းဓာတ်ပုံတွေနဲ့ပြည့်ကြပ်နေကာ ခက်လှမ်းလှမ်းဒေါင့်တခုမှာတော့ ကုတင်သုံးလုံးရှိတယ်..

သံစားပွဲပေါ် ဖိုင်တွဲတခုကိုပစ်တင်လိုက်တဲ့ အသံဟာ တိတ်ဆိတ်နေတဲ့ မြေအောက်ခန်းထဲ ပဲ့တင်သံထွက်လို့..ခက်လှမ်းလှမ်းက ကွန်ပျူတာ​တွေဖြင့်အလုပ်ရှုပ်နေသူရော..မီးဖိုခန်းထဲ ဟင်းချက်နေတဲ့သူရောက လန့်ကာလှည့်ကြည့်ရလောက်တဲ့အထိ အသံကျယ်သည်..

J" ရားးး ဖြေးဖြေးလုပ်စမ်းပါကွာ "

S" ပေါ်လာသေးတယ်နော် သေပြီတောင်ထင်တာ "

G" အဲ့မှာကြည့်လိုက် "

J" 10 နှစ်ကျော်လောက်ကောင်းကောင်းကြီး ပုန်းနေနိုင်တဲ့ အကောင်တွေက တောင်ကိုရီးယားနိုင်ငံရဲ့ တကယ်ဆရာကြီးတွေဖြစ်နေတာကိုကွ "

G"ဟုတ်တယ် အားလုံးက အကောင်ကြီးတွေကြီးပဲ.. အဲ့ထဲက 4 ယောက်ကတော့ မင်းတို့ သတင်းမှာအမြဲတွေ့နေရတာပဲလေ အဲ့ထဲက မှ ခေါင်းဆောင်လို့ယူဆရတဲ့ သူကတော့ အခုထိအစအနရှာလို့တောင်မရဘူး gread world hotel ကိစ္စဖြစ်ပြီးထဲက လုံးဝအရှင်းပျောက်သွားတာ နောက်ပြီး ပြည်ပထွက်တဲ့မှတ် တမ်း လည်းတခုမှမရှိဘူး "

CHARACTER (complete) Where stories live. Discover now