အနုပညာရှင်တယောက်ဖြစ်တာကြောင့် အနုပညာရှင်တိုင်းဟာသူတို့ရဲ့အောင်မြင်မှုကိုထိန်းရန်အချစ်ရေးမည်သူမှ အတိတလင်းမဖော်ပြကြတာများသည်..
ထိုထဲမှာ Taehyung လည်းတယောက်အပါ အဝင်ပေါ့..အနည်းနဲ့အများကတော့ ရိပ်မိနေကြပေမယ့် အမျိုးသားနှစ်ဦးဖြစ်နေကြတာကြောင့်လည်းတထစ်ကြမပြောနိုင်ကြသေးတာလည်းပါသည်..
Taehyung ကြောင့် လူတွေမသိအောင်တိတ်တိတ်လေးခိုးတွေ့နေကြတဲ့သူတို့နှစ်ဦး..မနေ့ကထဲက Taehyung ရဲ့တစွန်းတစပြောခဲ့တဲ့စကားကြောင့်အများရဲ့ စိတ်ဝင်စားမှုကို အလွန်ကိုမြင့်တက်နေသည်..
Taehyung ဖြစ်ချင်တဲ့အတိုင်း သူတို့ရဲ့သတင်းကြောင့် မနေ့က အဖြစ်ပျက်ကြီးဟာ သတင်းသမားလောကမှာတော့ပျောက်ခြင်း မလှပျောက်လို့သွားသည်..ပျောက်ဆုံးသူရဲ့ နည်းစပ်ရာအသိုင်းအဝိုင်းမှာသာရှာဖွေမှုတွေလုပ်နေပေမယ့် သတင်းထဲမှာတော့ပါမလာတော့..
မနက်ကထွက်လို့လာတာ ညမှပဲ ရောက်တာကြောင့် လန်းဆန်းသွားအောင်ရေအရင်ချိုးနေတဲ့ သူဌေး Jeon. သူကတော့ အခန်းပြင် ဝရံတာထွက်ကာ လေညှင်းခံလို့နေရင်း အနောက်ကနေခါးလေးကိုသိုင်းဖတ်ခြင်းခံလိုက်ရသည်..
အနောက်ကိုခေါင်းလေးစောင်းကာ လှည့်ကြည့်လိုက်တော့ အပေါ်ပိုင်း အဝတ်တို့ကင်းမဲ့နေတာကြောင့် Taehyung ဟာ မျက်လုံးလေးမှိတ်ချလိုက်သည်..
" Honey ဘာလို့မျက်လုံးမှိတ်ထားတာလည်း "
" ခင်များ အကျီမပါလို့လေ "
" Honey မြင်ဘူးနေကြပဲလေမဟုတ်ဘူးလား "
" ခဏခဏမြင်ရင်ရိုးသွားမှာဆိုးလို့ ပြီးတော့ ခုလိုမျိုးကြီးမကြည့်ချင်ဘူး ရှက်စရာကောင်းသလိုခံစားရလို့ "
" ဒါဆို ကိုယ်နဲ့ Honey ကဘာလည်း "
"ချစ်သူတွေလေ Mr.Jeon "
Taehyung ကို သူ့နဲ့မျက်နှာ ချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်တော့ မျက်လုံးလေးမှိတ်လို့ထားတဲ့ Taehyung..
" ဒီလိုကြည့်တော့ရှက်တယ်ပေါ့ "
"မသိဘူးဗျာ သွားအကျီသွားဝတ် "