Part - 1
-------"ကိုဇွဲ မင်း အခုထိအိမ်ထောင်ပြုဖို့စိတ်မကူးသေးဘူးလား"
သေနဝာ်တွေကိုတိုက်ချွတ်နေရင်း ယောက်ဖကမေးလာတော့ ဇွဲခေါင်းခါပြလိုက်၍ ချစ်ခြင်းဆီကရယ်သံလေးထွက်လာ၏။
"ချစ်ခြင်းရဲ့သမီးတောင် အရွယ်ရောက်နေပြီဆိုတော့ ကိုဇွဲလည်းဆံပင်ဖြူနေရောပေါ့"
"မဖြူသေးပါဘူး"
"ဘယ်လိုနေနေ မင်းကငါ့ထက်တောင် ၃နှစ်ကြီးမှတော့ အဘိုးကြီးဖြစ်နေပြီပဲ"
"ယိ့ကိုအဘိုးကြီးရမှာလား USမှာဆို 40ကျော်မှဘဝကိုစတာ Adult manလို့ခေါ်တယ်"
"ခက်တာက ဒီနေရာကUSမှမဟုတ်ဘဲ"
ဒင်းကိုမတည့်တာ ဒါတွေကြောင့်ဖြစ်ပြီး အရင်ကနေ အခုထက်ထိကန့်လန့်ကြီးသာ နေတတ်ပြောတတ်ပြီး တကယ့်လူ့ဂွစာဖြစ်သည်။
သို့သော် ဒင်းက လူချစ်လူခင်ပေါသော မျက်နှာနှစ်ဖက်နှင့်လူဖြစ်ကာ နေရာတိုင်းမှာ ဒင်းရဲ့မွေးစားသားသမီးတွေရှိသည်။ကိုယ်ဟာ ဒင်းရဲ့ယောက်ဖဖြစ်နေ၍ နယ်စပ်တကြောမှာ ဇွဲကပင်အဖွဲ့ရဲ့အာဏာကလည်း ပိုပြီးကျယ်ပြန်လာခဲ့တာကတော့ အမှန်ဖြစ်သည်။
ဘယ်လောက်ပဲ မတည့်ခဲ့သော်လည်း ရည်ရွယ်ချက်တူ၊ လက်ရည်တူသူတွေမို့ ဒီလိုညီညွတ်သွားခဲ့သည့်အခါ စီးပွားရေးနှင့်နယ်မြေတွေဟာ ပိုပြီးအင်အားခိုင်မာလာခဲ့သည်။"မင်း မြေပြန့်ကိုဆင်းရဦးမယ်လို့ကြားတယ် ရှယ်ယာကိစ္စပဲလား"
"အေးပေါ့"
"သွားရင်ပြော.. ငါ တန်ခိုးဆီလူကြုံပါးလိုက်စရာရှိလို့"
"ငါBangkokကိုသွားစရရှိသေးတယ် နောက်နှစ်ရက်လောက်နေမှသွားမှာ ဘာမှာမလို့လဲ"
"Aww ကိုယ့်မိန်းမကိုဂရုစိုက်ပါလို့ ငါလည်းငါ့မိန်းမကိုဂရုစိုက်ပါတယ်လို့
ဟာ!.. Sorryကွာ မင်းကအဲ့လိုတွေဘယ်သိမလဲ မမှာတော့ဘူး အားနာလို့"ရိသဲ့သဲ့ဖြင့်လိုက်ပြောင်နေသော ဒင်းကို အမြင်ကတ်သွားမိ၍ လက်သီးနှင့်နှစ်ချက်ဆင့်ထိုးပစ်တော့ ဒင်းကရယ်နေလေ၏။
ချစ်ခြင်းကတော့ သူတို့ ဒီလိုထိုးနှက်နေတိုင်း ဘာမှဝင်မပြောဘဲ သူ့အနားမှာထိုင်ကာ တခစ်ခစ်ရယ်နေတတ်သည်။
ဘေးမှာ လက်တွဲဖော်မရှိတာကို ဘာလို့ပြောင်စရာဟု ထင်နေကြသလဲမသိ…

ВЫ ЧИТАЕТЕ
ခခယယချစ်သူ
Любовные романы"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...