5

30K 616 26
                                    

Part - 5
-------

"ကိုယ်ပြန်လိုက်ပို့မယ်"

"သိမ်မွေ့မှာ ကားပါတယ် ဦးရဲ့"

သော့လေးကိုထောင်ပြလိုက်တော့ ဦးက ဖျတ်ခနဲလုယူသွားပြီး အနောက်ဘက်က လူတစ်ယောက်ဆီ လှမ်းပစ်ပေးလိုက်သည်။
ထိုလူက ကားသော့ကိုဖမ်းယူကာ သိမ်မွေ့ရဲ့ကားပေါ်တက်ပြီး မောင်းထွက်သွားသောကြောင့် နားမလည်နိုင်စွာဖြင့် ဦးကိုမော့ကြည့်မိသည်။
ထိုအခါမှ ဦးက ခပ်တည်တည်မျက်နှာဖြင့် သူ့ကားတံခါးကိုဖွင့်ပေးကာ…

"ကားမရှိတော့ဘူးမလား တက်"

"ဦးအရမ်းလူလည်ကျတာပဲ"

"ဘာဖြစ်လဲ ခဏလေးဖြစ်ဖြစ် အတူတူရှိချင်လို့ပေါ့ ဘာလဲ ကိုယ်နဲ့မလိုက်ချင်ဘူးလား"

"လိုက်မယ်"

သိမ်မွေ့ခြေဖျားလေးထောက်ကာ ဦး မေးရိုးကိုဖွဖွလေးနမ်းပြီး ကားပေါ်တက်ထိုင်တော့ ဦးက ခါးပတ်ကိုသေချာပတ်ပေးသည်။
ပြီးမှ Driverနေရာမှာဝင်ထိုင်ပြီး သိမ်မွေ့ပခုံးစွန်းလေးကိုငုံ့နမ်းကာ…

"ကိုယ့်ခလေးက သိပ်လိမ္မာနေပါလား ဘာလိုချင်လဲပြော"

"ဦးဇွဲကပင်ကိုလိုချင်ပါတယ်"

"အဲ့ဒါကမင်းမတောင်းရင်တောင် အပိုင်ပေးမှာပါ တခြားဟာ"

"သိမ်မွေ့ကိုအများကြီးချစ်ပေး"

"အဲ့ဒါကလည်းရပြီးသားလေ တခြားဟာ"

"အာဘွားပေး"

ပါးလေးဖောင်းပြပြီး ပူဆာလိုက်တော့ ပြုံးသွားသော ဦးရဲ့အပြုံးဟာ သိမ်မွေ့ကိုပိုပြီးရင်ခုန်စေသည်။
ပါးဖောင်းပြမိပေမယ့် ဦးအနမ်းတွေက သိမ်မွေ့နှုတ်ခမ်းတွေပေါ် ကျရောက်လာပြီး အတွေ့အကြုံမရှိသောလူပျိုကြီးက သိမ်မွေ့ကိုနမ်းတိုင်း ထိရုံလေးသာနမ်းတတ်သည်။
သိမ်မွေ့မှာသာ အသည်းယားရလွန်း၍ ဦးရဲ့အင်္ကျီစကို ကျိုးကြေသွားမတတ်ဖိဆုပ်ထားမိ၏။

"ဦး မနမ်းတတ်ဘူးလားဟင်"

"အင်း.. တစ်ခါမှလည်းမကြုံဖူးဘူး မင်းကိုပဲချစ်မိလို့နမ်းမိတာ မင်းကကိုယ့်အတွက် ပထမဆုံးနမ်းဖူးတဲ့မိန်းကလေး ပထမဆုံးဖက်ဖူးတာ ပထမဆုံးရင်ခုန်ဖူးတာ"

ခခယယချစ်သူWhere stories live. Discover now