Part - 18
-------
"ဘယ်ကပြန်လာတာလဲ အဲ့ဒါက"
အိမ်ထဲဝင်ကတည်းက မျက်နှာတည်တည်ကြီးဖြင့်မေးလာသော Daddyကြောင့် စိတ်ထဲထိတ်ခနဲဖြစ်သွားမိပေမယ့် နှုတ်ခမ်းစူပစ်လိုက်သည်။
Daddyသည် သူချည်းသာအပြင်ထွက်နေပြီး သိမ်မွေ့အပြင်ထွက်တာကိုတော့ မကြိုက်သလိုမျိုးပုံစံကြီးဖြစ်နေခဲ့သည်။
တစ်ခါတစ်လေ အပြင်ထွက်မိတာ သိမ်မွေ့မှားလို့လား…"ပျင်းလို့ဈေးဝယ်ထွက်တာ Daddyက ဆူတာလားအဲ့ဒါ"
"ကိုယ့်ကိုပြောမသွားလို့ ဒေါသဖြစ်နေတာ"
"မြို့ထဲပဲဥစ္စာ"
"ငယ်လေး မင်းအလိုလိုက်ရင် လိုက်သလိုပဲ တော်တော်ဆိုးလာတယ် မင်းလုပ်ချင်တာ ဘာကိုများတားဖူးလို့လဲ အပြင်သွားရင် ကိုယ့်ကိုပြောသွားဖို့ပြောနေတာ"
"တစ်ခါတစ်လေလေးကို"
"တစ်ခါတစ်လေလည်းမရဘူး မင်းတစ်ယောက်တည်းထွက်ထွက်သွားတာ ဘယ်လောက်အန္တရာယ်များလဲ အပြင်သွားရင် ကိုယ့်ကိုပြောကိုပြောရမယ် နောက်တစ်ခါဒီလိုထပ်လုပ်ကြည့် မင်းကို.."
သိမ်မွေ့မျက်ရည်ဝဲလာမိကာ Daddyစကားမဆုံးခင်မှာပဲ ရင်ဘတ်ကြီးကိုပြေးထုပစ်လိုက်သည်။
ဆူဖို့ပြင်နေသော Daddyသည် သိမ်မွေ့လုပ်ရပ်ကိုထင်မှတ်ထားပုံမရ၍ ကိုးရိုးကားယားကြီးဖြစ်သွားပြီး လက်တကာကာဖြင့် သိမ်မွေ့ထုနှက်နေသမျှကိုကာကွယ်နေ၏။
Daddyတပည့်နှင့် အလုပ်သမားတွေကတော့ Daddyကိုကြည့်ပြီးကြိတ်ရယ်နေကြ၍ ထိုလူကြီးဟာ မအီမလည်ဖြစ်သွားပုံရသည်။"တော်ပြီနော် ငယ်လေး မင်းကိုရိုက်မိတော့မယ်"
"ရိုက်ကြည့်စမ်းပါ ထိရဲရင်ထိကြည့်"
"ပြောနေတယ်နော်"
"ရှင်ကြီးကိုမုန်းတယ်"
ရယ်ကျဲကျဲဖြစ်လာသောDaddyက သိမ်မွေ့ကိုခါးကနေသိမ်းဖက်ပစ်လိုက်၍ ရင်ဘတ်ချင်းကပ်သွားကာ တစ်ဆက်တည်းမှာပင် ပါးလေးတစ်ဖက်နွေးခနဲဖြစ်သွား၍ မျက်လုံးလေးပြူးသွားမိသည်။
ဟီးခနဲအသံတွေကြောင့် ဘေးလူတွေဆီအကြည့်ရောက်သွားကာ ရှက်လည်းရှက်သွားမိ၍ Daddyမျက်နှာကြီးကို တွန်းဖယ်ပစ်တော့နောက်ထပ်ပါးလေးတစ်ဖက် နွေးခနဲ…

YOU ARE READING
ခခယယချစ်သူ
Romance"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...