9

26.3K 577 15
                                    

Part - 9
-------

"Daddy နောက်အပတ်ထဲ သိမ်မွေ့ မွေးနေ့ရှိတယ် အိမ်ကတော့ ဘုန်းကြီးကျောင်းကိုပဲ ဆွမ်းကပ်ဖို့ပဲ စီစဥ်ပေးထားတာ ညနေခင်းကျ သိမ်မွေ့အားတယ်"

မဝံ့မရဲလေးဖြစ်နေသော ငယ်လေးမျက်နှာလေးကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားရပြီး သူမဟာ ထိုနေ့မှာအတူရှိနေစေချင်မှန်း သိသာသည်။
ရက်ပြန်တွက်ကြည့်တော့လည်း ထိုနေ့ဟာ လာအိုဘက်အထိ လဂာ်နက်သွားဝယ်ရမည့်နေ့ဖြစ်၏။
ငယ်လေးမွေးနေ့မှာ သူ ဒီနိုင်ငံမှာတောင်ရှိမှာမဟုတ်…

"အဲ့ဒါ Daddy.."

"ငယ်လေးနဲ့အတူ ရှိနေစေချင်တာလား"

"Omm"

ထိုအသံလေးဟာ တိုးဖွလွန်း၍ သူမ မဝံ့မရဲတောင်းဆိုနေမှန်းသိလိုက်သည်။
တစ်ဖက်မှာလည်း ကိုယ်မပါ၍မရသောအရောင်းအဝယ်ဟာ ရက်ချိန်းထားပြီးသားမို့ ရွှေ့ပစ်လို့လည်းမရ။
ဆုံးရှုံးမှုကိုတွက်ကြည့်ရင် စရံပေးထားသော သိန်း၈၀၀ကျော်ဟာ နည်းနည်းများနေတာမို့ ငယ်လေးနှင့် စီးပွားရေးကြားမှာ ခေါင်းခဲသွားမိ၏။

"လာလို့ရလားဟင်"

သူမ ထပ်မေးလာတော့ ဇွဲ ခေါင်းမခါရက်တော့ဘဲ အပြုံးတစ်ချက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှ ဝင်းလက်သွားသောမျက်နှာနုနုသည် သိန်း၈၀၀မက ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနိုင်၍ ငယ်လေးဟာ သူ့ကိုချုပ်ကိုင်နေပြီမှန်း သဘောပေါက်လိုက်၏။

"အဲ့ဒါကြောင့်ချစ်တာ Daddyကို"

ကြောင်ပေါက်ကလေးလို ရင်ခွင်ထဲတိုးဝင်လာသောငယ်လေးကို ခပ်ဖွဖွလေးဖက်ထားလိုက်ရင်း နားသယ်စလေးကိုနမ်းမိတာ အမြတ်တနိုး။
ဒီတစ်ခါတော့ ငယ်လေးအလိုကျ စပျစ်ခြံတစ်ခုမှာ ချိန်းတွေ့ခြင်းဖြစ်ပြီး နှစ်ယောက်တည်း အေးအေးဆေးဆေးနေခွင့်ရအောင် တစ်ခြံလုံးငှားထားခြင်းလည်းဖြစ်သည်။

တောင်စောင်းပြေပြေလေးမှာ စပျစ်ပင်တွေချည်းသာ စိုက်ပျိုးထားပြီး ဘန်ဂလိုဆန်ဆန်အိမ်ကလေးက ခြံအလည်မှာ ထီးထီးကြီးရှိနေတာမို့ ပိုပြီးချစ်စရာကောင်း၏။
ဒီလိုခြံကျယ်ကျယ်ကြီးမှာ ငယ်လေးနဲ့သာ အေးအေးလူလူနေခွင့်ရရင် သူ့ဘဝဟာ နေ့ရက်တိုင်းနိဗ္ဗာန်ဖြစ်နေတော့မှာ သေချာသည်။
ဤသို့ဆိုလျှင် ဒီခြံကြီးကိုပဲ အပိုင်ဝယ်လိုက်ရလေမလား…

ခခယယချစ်သူWhere stories live. Discover now