Part - 16
-------
"ဗိုက်ဆာတယ်"
အနောက်ကနေ လည်ပင်းကိုသိုင်းဖက်ခံလိုက်ရပြီး ပါးရိုးပေါ်နွေးခနဲဖြစ်သွားတော့ သူ တစ်ချက်ပြုံးကာ လက်ဖမိုးနုနုလေးကို ဆွဲယူနမ်းလိုက်သည်။
လည်ပင်းလိမ်ကာမော့ကြည့်တော့ ငယ်လေးက မိတ်ကပ်ပါးပါးလေးလိမ်းထားကာ ပါးမို့မို့လေးတွေကလည်း နုအိနီရဲနေ၏။
နှုတ်ခမ်းထူထူအိအိလေးက ပန်းရောင်စိုအိနေကာ ငယ်လေးမျက်နှာလေးက ခါတိုင်းထက်ပိုပြီး ချစ်စရာကောင်းနေသလိုပင်။"Breakfastမှာပေးထားတယ် ငယ်လေးဘာစားချင်သေးလဲ"
"ရပြီ"
ပေါ့ပါးသွက်လက်နေဟန်လေးဖြင့် သူ့ပေါင်ပေါ်တက်ထိုင်ကာ စားစရာတွေကိုငုံ့ကြည့်နေ၍ ထိုသွက်လက်မှုလေးတွေကိုကြည့်ကာ တိတ်တဆိတ်ရင်နာရပါသေးသည်။
သူမလေး တကယ်ပျော်နေတာပါလား…ခါးလေးကို ခပ်တင်းတင်းလေးဖက်ထားလိုက်ကာ ပခုံးစွန်းလေးကိုအမြတ်တနိုးနမ်းမိရင်း မွှေးပျံ့နေသောငယ်လေး၏ကိုယ်သင်းနံ့လေးကို တဝကြီးရှုရှိုက်မိသည်။
ဒီအနံ့လေး၊ ဒီထိတွေ့မှုလေးတွေ နောက်ထပ်မရနိုင်တော့ပြီမလား…"Daddyရော စားပြီးပြီလား"
"မစားတော့ဘူး"
"ဘာလို့လဲ"
"ဝသွားလို့"
"ပေါက်ကရ.. တစ်ခုခုတော့စားပါ လေယာဥ်နဲ့ပြန်မယ်ဆို မူးနေလိမ့်မယ်လေ"
"မူးရင်လည်း ငယ်လေးကိုဖက်ထားရရင် သက်သာတယ် ကိုယ်ကစားပြီးပြီ ငယ်လေးပဲစားပါ"
"Omm"
တကယ်တမ်း သူ ဘာမှမစားနိုင်လောက်အောင် စိတ်ပျက်နေမိကာ မကြာခင်အချိန်ခဏလေးမှာ သူမလေးကိုပြန်လွှတ်ရတော့မှာမို့ အချိန်ရသလောက်ပွေ့ဖက်ထားချင်သည်။
ငယ်လေးကတော့ သူ ဖြစ်နေသမျှကိုသိဟန်မရှိဘဲ စားစရာတွေကိုသာအာရုံရောက်နေ၍ ဆံပင်လေးတွေကို နားရွက်ကြားမှာညှပ်ပေးလိုက်သည်။"ပျော်နေတာလား ငယ်လေး"
"သိဘူး စိတ်ထဲမှာမောနေတယ်"
"ရေသောက်ဦးလေ မနက်ကရော အိပ်ယာနိုးတော့ ရေသောက်ခဲ့လား ရေအေးသောက်မှာစိုးလို့ စားပွဲပေါ်တင်ထားတာ"

YOU ARE READING
ခခယယချစ်သူ
Romance"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...