Part - 13
-------
နယ်စပ်ဒေသတွေကို တစ်ပတ်လောက်လှည့်ကြည့်အပြီးမှာ အိမ်ကိုပြန်လာခဲ့တော့ ကိုယ့်နယ်မြေတွေပဲမို့ ဘယ်အချိန်ဖြစ်ဖြစ်ကိစ္စမရှိ။
ထို့ကြောင့် ဆေးပြင်းလိပ်သောက်ရင်း ငယ်လေးပို့ထားသည့်စာတွေကို ဖတ်ရင်းပြုံးနေမိသည်။-ဦးရေ
-Daddyရေ မတွေ့ရတာကြာနေပြီလို့
-လွမ်းတယ်လို့
-တွေ့ရအောင်ပါဆို
-Daddyအားရင် သိမ်မွေ့ထက်သေနဝာ်တွေကိုပဲ စိတ်ဝင်စားနေတာ Daddyလုပ်ချင်လာရင် အဲ့သေနဝာ်တွေကိုပဲလုပ်
ဟု ဂျီကျရန်ရှာသောစာတိုလေးတွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိကာ ခဏတဖြုတ်အားနေပြီမို့ ငယ်လေးဆီဖုန်းခေါ်လိုက်သည်။
ဖုန်းမျှော်နေပုံရသည့်ငယ်လေးက ချက်ချင်းဖုန်းကိုင်တာမို့ စိတ်မကောင်းဖြစ်သွားမိကာ အနားမှာရှိလျှင် ထိုကလေးမလေးကို ပွေ့ဖက်နှစ်သိမ့်ပေးမိမှာအသေအချာ…"ဦး"
"Daddyလို့ခေါ်ပါဆို"
"ခေါ်ချင်ဘူး Daddyက သူများကိုပစ်ထားတာ"
"ဟော.. ဘယ်မှာပစ်ထားလို့လဲ ကိုယ်မအားလို့ ဖုန်းမဆက်တာလေ ငယ်လေး နောင်ချိုကခြံကိုကြိုက်ရဲ့လား"
"အင်း.. Daddyဘယ်ကတွေ့လာတာလဲ အဲ့လောက်ကျယ်မှန်း မသိဘူးရယ်"
"နှစ်ခြံလေ ကြားထဲက ခြံစည်းရိုးကိုဖြုတ်လိုက်တာ ကိုယ့်ငယ်လေးက farmလုပ်ရတာစိတ်ဝင်စားတယ်မလား မင်းကြိုက်တာလုပ်လို့ရအောင်လို့လေ"
"Daddyကိုပဲ အဟိ!"
"ဆွပြန်ပြီနော် ခလေးစုတ်လေး ပြီးရင်သူမဟုတ်သလိုနဲ့ ဒီကကောင်ပဲနှာဗူး"
"Daddyကလည်း ချစ်လို့ဆိုးမိတဲ့ဟာ.. ဒီကိုလာတော့လေ သိမ်မွေ့ အဖေ့ကိုပြောလိုက်ပါတော့မယ်ဆို"
"ဟုတ်ပါပြီဗျာ ဒီအဆိုးလေးကိုပိုင်ရတော့မှာပေါ့"
"Daddyကပိုဆိုးတာပါ အိပ်ရာပေါ်ရောက်သွားရင် ဘယ်သူမှလိုက်မမီဘူး"
"ချစ်လို့ပါ"
ငယ်လေးရယ်သံက နားဝင်ချိုလွန်းလှသလို စိတ်ထဲမှာလည်း ကြည်နူးနေမိ၍ စိတ်လွတ်လက်လွတ်တစ်ချက်ပြုံးမိသည်။
သို့သော် အနောက်ဘက်မှကားမီးရောင်တစ်ခုကြောင့် အာရုံပြောင်းသွားရပြီး နောက်ပြန်လှည့်ကာ အသေအချာစူးစိုက်ကြည့်နေမိရင်း ဒုန်းခနဲအဆောင့်ခံလိုက်ရသည်။

CITEȘTI
ခခယယချစ်သူ
Dragoste"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...