Part - 17
-------"Morning ကိုယ့်ငယ်လေး"
Daddyအသံနှင့်အတူ နဖူးထက်မှာနွေးခနဲဖြစ်သွား၍ မျက်လုံးမဖွင့်သေးဘဲ Daddyလည်ပင်းကိုဖက်ထားလိုက်မိသည်။
ကိုယ်ပေါ်ကစောင်သည် ဆွဲဖယ်ချခြင်းခံလိုက်ရပြီး ပွေ့ယူခံလိုက်ရ၍ ရင်ထဲလှပ်ခနဲဖြစ်သွားကာ Daddyပခုံးပေါ် ခေါင်းလေးမှီကာ လည်ပင်းကိုဖက်ထားလိုက်သည်။
အေးစက်သော အငွှေ့အသက်ကြောင့် ရေချိုးခန်းထဲဝင်လာမှန်းသိလိုက်ကာ မျက်လုံးတွေဖွင့်ကြည့်မိတော့ Daddyက သိမ်မွေ့ကိုဘေစင်ပေါ်တင်ပေးနေ၏။"အိပ်ပုတ်လေး"
"မထချင်သေးပါဘူးဆို"
"အဲ့ဒါဆိုပြီးမှပြန်အိပ်ပါ ငယ်လေးရဲ့ ကိုယ်အလုပ်မသွားခင်လေး မျက်နှာသစ်ပေးမလို့"
"ကိုယ့်ဘာသာလုပ်တတ်တယ်"
"မရပါဘူး ကိုယ်လုပ်ပေးမှာ"
အခုလိုဆိုတော့လည်း Daddyသည် အရင်က ကြမ်းတမ်းရက်စက်ခဲ့သူဟု မထင်ရလောက်အောင် နူးညံ့နွေးထွေးလွန်းလှသည်။
မျက်နှာသစ်ပေးပြီးတော့ သိမ်မွေ့ဘာသာပဲ သွားတိုက်လိုက်ကာ ထိုအချိန်အထိ Daddyက တစိမ့်စိမ့် ကြည့်နေဆဲဖြစ်သည်။
အားလုံးပြီးသွားတော့မှ သူမမျက်နှာကို သဘက်နုနုလေးဖြင့် ရေသုတ်ပေးပြီး နဖူးလေးကိုထပ်ငုံ့နမ်း၏။"ဒီအဆိုးလေးနဲ့ပဲ အမြဲတမ်းအတူနေရတော့မှာဆိုတော့ တစ်ညလုံး ရင်တွေခုန်နေမိတာသိလား"
"အခုကျ ဆိုးတယ်လို့မြင်နေပြီပေါ့"
"မဆိုးဘူးလား"
"အရင်ကလည်းဒီလိုပဲဟာ ပြောပါဦး Daddy ဘယ်ကမိန်းမကောင်းတွေကိုများ တွေ့လာလို့လဲ"
"မတွေ့ပါဘူး"
"အဲ့ဒါဆိုအခုမှဆိုးတယ်လို့မြင်နေတာပေါ့ အပြစ်မြင်နေပြီပေါ့ ငြိုငြင်နေပြီပေါ့"
Daddyက သိမ်မွေ့ခါးလေးကိုဖက်ကာ ရေတွေကို အပြီးသတ်သုတ်ပေးရင်း နှာခေါင်းဖျားလေးကို ဖွဖွလေးနမ်းသည်။
"အရင်ကတည်းက ငယ်လေးက ဒီအတိုင်းပါပဲ ဒါပေမယ့် မင်းပဲကိုယ့်ကို ကလန်ကဆန်တွေလုပ်နေခဲ့တာမလား မင်းဆိုးတာလေးတွေနဲ့ ပြန်အသားမကျသေးလို့ပါ"

CZYTASZ
ခခယယချစ်သူ
Romans"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...