Part - 14
-------
နိုးလာကတည်းက စိတ်ထဲကြည်လင်နေကာ ခါးမှာဖက်ထားသည့် Daddyလက်ကိုဖယ်ချပစ်ပြီး သူမ ထထိုင်လိုက်သည်။
ဘာမှမဝတ်ရသေးသည့်ခန္ဓာကိုယ်ကြောင့် Daddyနိုးလာမှာကို စိုးထိတ်သွားပြီး ခုတင်အောက်မှာပျံ့ကျဲနေသော အင်္ကျီတွေဆီအကြည့်ရောက်သွားသည်။မွေ့ရာပေါ်မှ အသာလေးဆင်းလိုက်ပေမယ့် ခါးကနေသိုင်းဖက်ခံရပြီး မွေ့ရာပေါ်ပြန်ဆွဲချခံလိုက်ရကာ အတင်းအကျပ်ပွေ့ဖက်လာသော Daddyလက်တွေထဲ မွှန်းကြပ်သွားမိ၏။
Daddyက သိမ်မွေ့ကို တင်းတင်းကျပ်ကျပ်ဖက်ကာ မျက်နှာတစ်ခုလုံးလိုက်နမ်းနေ၍ Daddyနှုတ်ခမ်းတွေကိုတွန်းဖယ်ကာ ရှောင်ရှားမိသည်။"မနက်လည်းတစ်ခါလို့ ကိုယ်ပြောထားတယ်မလား"
"Daddy ညကလည်းအကြာကြီးပဲ"
"ညကညပဲလေ ဘာဆိုင်လို့လဲ"
"Daddy ညကလုပ်ထားတာ အခုထိပင်ပန်းနေတုန်းပဲ"
"လွမ်းနေလို့ရယ် နောက်ထပ် ထပ်လွမ်းလို့ရယ် ကဲပါ.. စကားလမ်းကြောင်းမလွှဲပါနဲ့ အခုကိုယ်ဖွဖွလေးပဲစားမယ် မကြမ်းတော့ဘူး"
"နေကြာခင်းထဲအရင်သွားချင်တယ်"
"တစ်နေကုန်နေလို့ရတယ် မင်းအတွက် တစ်နေကုန်ငှားပေးထားတယ် ဘယ်သူမှလာမှာမဟုတ်ဘူး"
"ဟင်!"
"မင်းနဲ့ကိုယ်ပဲရှိမှာ ဒါကြောင့်မို့ ဘယ်သူကမှလည်း မင်းကိုသတိပြုမိမှာမဟုတ်ဘူး လမ်းသွားရင်နာလာလို့ မျက်နှာလေးမဲ့သွားရင်တောင်.."
"Daddy"
သိမ်မွေ့ပါးပြင်တွေ ပူထူလာပြီမို့ Daddyပါးစပ်ကိုလှမ်းပိတ်တော့ Daddyက သိမ်မွေ့လက်ကလေးကိုဖမ်းဆွဲကာ လက်မောင်းတစ်လျှောက်လုံး မထိတတိလိုက်နမ်း၏။
ပြီးမှ ရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားပြီး သိမ်မွေ့နဖူးလေးကို လက်ဖျားနှင့်ဖွဖွလေးထိတို့ကာ နဖူးမှတစ်ဆင့် နှာတံဖျားဆီသို့…Daddyအကြည့်တွေသည် နူးညံ့နွေးထွေးလွန်းသလို နံနက်ခင်းနေရောင်ကြောင့် Daddyမျက်နှာချောချောက ပိုပြီးခန့်ညားနေ၏။
သိမ်မွေ့မျက်နှာ၏ အစိပ်အပိုင်းတစ်ခုချင်းစီကို ဖွဖွလေးသာထိတို့ရင်း အမြတ်တနိုးငေးကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသော Daddyကြောင့် ရင်တွေခုန်လာမိသည်။
CZYTASZ
ခခယယချစ်သူ
Romans"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...