20

26.6K 595 26
                                    

Part - 20

-------

အိပ်ရာကနိုးလာသည်နှင့် အကျင့်ပါနေသောလက်က နံဘေးကိုစမ်းမိတော့ အေးစက်သောမွေ့ရာခင်းကြောင့် မျက်လုံးတွေပြူးကျယ်သွားရင်း ထထိုင်လိုက်မိ၏။
ခါတိုင်းဆို နံဘေးကိုစမ်းမိလျှင် ငယ်လေးရဲ့ကိုယ်လုံး ကွေးကွေးကောက်ကောက်လေးကို စမ်းသပ်မိတတ်တာပြီး နိုးလာချိန်တိုင်း ငယ်လေးကိုယ်လေးကိုပွေ့ပိုက်နမ်းရှိုက်နေကျ...
အခုက သူမ မိဘအိမ်ကိုပြန်ရောက်နေတာပဲ...

သူ တစ်ချက်ပြုံးလိုက်ရင်း အိပ်ရာမှထကာ ပြတင်းပေါက်မှတစ်ဆင့် ခြံထဲကိုလှမ်းကြည့်မိတော့ ခြံဝန်ထမ်းတွေက အလုပ်ဝင်နေကြပြီဖြစ်သည်။
မျက်နှာသစ်ပြီး အိမ်အောက်ကိုရောက်သည်နှင့် မီးဖိုခန်းကငယ်လေး၏ရယ်သံချိုချိုလေးကို ကြားလိုက်ရသလို သူမအမေ၏အသံကိုလည်း ကြားလိုက်ရသည်။

"တွေ့လည်းတွေ့တတ်တယ်"

"ဟီး.. အမေကလည်း အမေပဲဇွတ်စီစဥ်တာလေ သူများကိုလည်းရိုက်သေးတယ်"

"အဲ့ဒါအတွက် ဒီအမေကပဲတောင်းပန်ပါတယ် ဟုတ်ပြီလား အဲ့လောက်အသက်ကွာတော့ သမီးတို့အိမ်ထောင်ကျလည်း အက်ကြောင်းဖြစ်မှာစိုးခဲ့တာ ဟုတ်တာမဟုတ်တာထက် အမေက ကိုယ့်သမီးလေးကို အကောင်းဆုံးဆိုတဲ့လူနဲ့ပဲ လက်ထပ်စေချင်တာ"

"Daddyက သမီးအပေါ်အရမ်းကောင်းပါတယ် အမေရဲ့ သမီးအတွက်နဲ့ လဂာ်နက်ကုန်သည်ဘဝကို စွန့်ပစ်မယ်တဲ့ အဲ့ဒါမျိုးဘယ်သူလုပ်နိုင်လို့လဲ"

ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် အမေဖြစ်သူကို ကြွားလုံးထုတ်နေသော သူ့ချာတိတ်လေး..
သူမအမေကတော့ အေးအေးဆေးဆေးနေတတ်သူဖြစ်ပုံရပြီး ငယ်လေးဘာပြောပြော၊ အရိပ်တကြည့်ကြည့်ဖြင့် ပြုံးနေတတ်သည်။
မီးဖိုခန်းကိုရောက်မှ ထိုသားအမိအပြင် ကျော်ပီယရှိနေမှန်းပါ သိလိုက်ရပြီး ထိုလူဟာ သူ့ကိုကြည်ဦးမှာမဟုတ်..

"Daddyနိုးပြီလား သိမ်မွေ့လာနှိုးတော့မလို့ပဲ"

"အင်း ငယ်လေးထသွားတာ စောတာပါ"

"ဟုတ်တယ် Daddyကို မနက်စာပြင်ပေးချင်လို့ အမေ့ကိုကူလုပ်နေတာ"

ခခယယချစ်သူWhere stories live. Discover now