4

29.2K 601 20
                                    

Part - 4
-------

နိုးနိုးလာချင်းမှာ ရင်းနှီးနေသောကိုယ်သင်းနံ့တစ်ခုရလိုက်၍ မျက်လုံးတွေဖွင့်ကြည့်မိတော့ သိမ်မွေ့ကိုဖက်ထားပြီးအိပ်ပျော်နေသည့် Daddy..
နှုတ်ခမ်းမွှေးပါးပါး၊ မုတ်ဆိတ်ပါးပါးလေးတွေနှင့် ထည်ဝါနေသောDaddyမျက်နှာကို ငေးကြည့်ရင်း သိမ်မွေ့သက်ပြင်းခိုးချမိသည်။
Daddyဟာ ဘာကြောင့်မို့များ ကြောက်စရာကောင်းလောက်အောင် ခက်ထန်သွားရတာလဲ…
သိမ်မွေ့ ဘာအမှားတွေလုပ်ခဲ့မိလို့လဲ…

"ငါ့ရင်ခွင်ကိုခြေစုံကန်ရလောက်တဲ့အထိ သတ္တိတွေရှိနေတယ်ပေါ့ လာ.. အဲ့ဒီခြေထောက်တွေကို ရိုက်ချ်ုးပေးမယ်"

"ဟင့်အင်း မလိုက်ဘူးလို့ လွှတ်"

"မင်းကိုငါသဝာ်မပစ်ခင် ငြိမ်ငြိမ်လေးလိုက်ခဲ့ သိမ်မွေ့.. ဒီအချိန်မှာ မင်းကိုသဝာ်ဖို့လည်း ငါဝန်မလေးဘူး"

ဆိုသည့်စကားဖြင့် ကားပေါ်ကနေ အတင်းဆွဲချခဲ့ကာ အခုအချိန်ထိလည်း မနူးညံ့တော့သည့်လူ။
ဒီနေ့ဆို Daddyဆီရောက်နေတာ ၅ရက်ရှိပြီဖြစ်ကာ သိမ်မွေ့ပျောက်နေသည့်အတွက် အဖေတို့ ဘယ်လောက်ခေါင်းမီးတောက်နေမလဲ။
အရာအားလုံးစီစဥ်ထားခဲ့ပြီးသော သိမ်မွေ့ရဲ့လက်ထပ်ပွဲကရော…

အရင်အကြောင်းတွေပြန်တွေးမိတိုင်း သိမ်မွေ့မျက်ရည်ဝဲရ၍ အိပ်ရာမှထဖို့ပြင်တော့ ဖက်ထားသည့်လက်တွေ တင်းကျပ်သွားပြီး စောင်ကိုရင်ဘတ်ပေါ်အထိ ဆွဲခြုံပေး၏။
သို့သော် Daddyရင်ဘတ်ကို တွန်းပစ်တော့ ကျွတ်ခနဲစုပ်သပ်သံနှင့်အတူ…

"ပြန်အိပ် အစောကြီးရှိသေးတယ်"

"မအိပ်ချင်တော့ဘူး"

"ငါအိပ်ချင်သေးတယ်"

သိမ်မွေ့တစ်ကိုယ်လုံး ရင်ခွင်ထဲနစ်မြုပ်သွားမတတ် ပြန်ဖက်ထားလိုက်၍ ပြန်ရုန်းလို့လည်းမရသလို ရုန်းလည်းမရုန်းရဲ။
Daddyကိုကြောက်မိပေမယ့် အရဲ့စွန့်ဖို့စိတ်ကူးဖြင့် မျက်နှာလေးမော့လိုက်ကာ…

"Daddy သိမ်မွေ့ကိုဘာလို့ဖမ်းထားတာလဲဟင်"

ကျစ်ခနဲစုပ်သပ်သံနှင့်အတူ ဖက်ထားသည့်လက်တွေ ပိုပြီးတင်းကျပ်သွားကာ Daddyက သိမ်မွေ့ဆံပင်တွေထဲ မျက်နှာနှစ်ထား၏။

ခခယယချစ်သူWhere stories live. Discover now