Part - 3
-------"တံခါးဖွင့်"
Daddyအသံကြားလိုက်ကတည်းက သိမ်မွေ့ငိုချင်သွားမိကာ ကြမ်းပြင်ပေါ်ဒီအတိုင်းလှဲအိပ်နေရာမှ ထထိုင်လိုက်ရင်း အသံထွက်လာသည့်နေရာကို စူးစိုက်ကြည့်နေမိသည်။
ဒီနေ့တစ်နေ့လုံး ရေတစ်ပေါက်တောင် မသောက်ရသေးသလို တစ်ကိုယ်လုံးလည်း အေးစက်နေသောကြောင့် ဖျားနေပြီလားဟုလည်း မသဲကွဲ။
လည်ချောင်းတစ်ခုလုံး ခြောက်ကပ်နေသလို ခေါင်းတွေလည်းမူးနေမိပေမယ့် ထို့ထက်ပိုကြောက်စရာကောင်းသည့်အရာက…"Daddy"
Daddyက သိမ်မွေ့ရှေ့မှာရပ်နေပြီး ခါတိုင်းလို သပ်ရပ်ခန့်ညားနေဆဲ။
သိမ်မွေ့ကို ကားပေါ်ကဆွဲချပြီး ကြမ်းတမ်းစွာဆွဲခေါ်လာခဲ့တုန်းကအတိုင်း ခက်ထန်မာကျောနေဆဲ။
သိမ်မွေ့မှာသာ အလဲလဲအပြိုပြိုဖြင့် အရာအားလုံးဆိတ်သုဥ်းပျောက်ကွယ်ခဲ့ရကာ…"သိမ်မွေ့ကိုပြန်လွှတ်ပေးပါနော်"
"တစ်နေကုန် အစာငတ်ရေငတ်နဲ့ပစ်ထားတာတောင် မင်းကခေါင်းမာနေတုန်းပဲနော် ငယ်လေး"
"အိမ်ပြန်ချင်လို့ပါ"
ဒီ့ထက်လည်းပိုမပြောနိုင်တော့ဘဲ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတွေဖြင့် သိမ်မွေ့မျက်ရည်တွေဝဲလာပြီး Daddyကို အသနားခံသလိုမော့ကြည့်မိသည်။
သို့သော် Daddyက ခါးကိုကိုင်းကာ သိမ်မွေ့မေးဖျားလေးကို ဖွဖွကိုင်ရင်း မျက်နှာတစ်ခုလုံးကို စေ့စေ့ကြည့်သည်။"အိမ်ပြန်ချင်တဲ့စိတ်ရှိနေသေးရင် မင်း ဒီအခန်းထဲမှာပဲ သေတဲ့အထိနေသွားတော့ ငယ်လေး"
"မလုပ်ပါနဲ့ တောင်းပန်ပါတယ် သိမ်မွေ့.."
"မင်းပါးစပ်ကိုပိတ်ထား"
Daddyရဲ့အော်သံက ဒေါသကြောင့်အကျယ်ကြီးဖြစ်ကာ နီးနီးကပ်ကပ်ကြားလိုက်ရသော သိမ်မွေ့မှာ ပိုပြီးကြောက်ရွံ့သွားမိသည်အထိ။
Daddyက ပြောသည့်အတိုင်း လုပ်တတ်သူမို့ သိမ်မွေ့ဟာ ဒီအခန်းလေးထဲမှာပဲ သေတဲ့အထိ…"ဘာလို့ခေါင်းမာနေတာလဲ မင်း ငါ့မိန်းမဖြစ်ပေးဖို့ အဲ့လောက်ခက်ခဲနေတာလား ဟမ်!"

YOU ARE READING
ခခယယချစ်သူ
Romance"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...