Part - 12
-------"သိမ်မွေ့ ဘယ်ကိုရောက်နေတာလဲ"
"ဦးမင်းဆီမှာပါ"
"အခုချက်ချင်း အိမ်ပြန်လာခဲ့"
"အဖေကလည်း မနေ့ကမှရောက်တာကို"
သိမ်မွေ့ အဖေ့စကားကိုငြင်းဆန်ပစ်လိုက်ပြီး နှုတ်ခမ်းလေးကိုပါ စူထော်ပစ်လိုက်ကာ ခါတိုင်းလည်း ဒီလိုသာသွားလာနေကျမို့ အဖေဘာကိုစိတ်မချနေသလဲမသိ။
သို့သော် နောက်ထပ် ထွက်လာသောအဖေ့စကားသံကတော့ မာကျောပြတ်သားလွန်းလှ၏။"အခုချက်ချင်းအိမ်ပြန်လာခဲ့လို့ ပြောနေတယ် သိမ်မွေ့မေကျော်"
"အဖေကလည်း"
"ငါနောက်ထပ် ထပ်မပြောချင်တော့ဘူး"
အမိန့်အာဏာသံကြီးဖြင့် အဖေဖုန်းချသွားတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်မှန်း သိမ်မွေ့မှန်းဆမိသည်။
ဖြစ်နိုင်ချေအများဆုံးကတော့ ဟိုကျွဲစုတ် မင်းနေ,သာဖြစ်ပြီး ထိုသတ္တဝါလေးက အဖေနဲ့အမေ့ရဲ့အသည်းတစ်ခြမ်းမို့ ဒင်းဘာပြောပြောယုံမှာသေချာ၏။
ထို့နောက် မင်းနေဘယ်ရောက်နေသလဲဟု လိုက်ရှာတော့ ဒင်းသည် မုန့်ဆိုင်တစ်ဆိုင်မှာ နံပါတ်ဘယ်လောက်မှန်းမသိသောရည်းစားအတွက် မုန့်ဝယ်နေလေသည်။"နင် အဖေ့ကိုဘာတွေသွားပြောလိုက်တာလဲ"
"Aww ဝါကျွတ်ရင် သားမက်ကိုကန်တော့ဖို့ ပြင်ဆင်ထားသင့်တဲ့အကြောင်း"
မချိုမချဉ်ဖြေလာသောစကားကြောင့် သိမ်မွေ့ဒေါသဖြစ်မိသလို အံ့လည်းအံ့ဩသွားမိ၍ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်အထိ။
Silentတွဲချင်သော Daddyကြောင့် သိမ်မွေ့တို့နှစ်ယောက်အကြောင်း လျှို့ဝှက်ထားခဲ့တာကြာခဲ့ပြီမို့ ဒါကို မင်းနေက ဘယ်လိုလုပ်သိသွားတာလဲ…"အဲ့ဒါနင့်ကိစ္စလား.. ဦး ကို နင်ဘယ်လိုလုပ်သိတာလဲ"
"နင့်ကိုအိမ်ပြန်လိုက်ပို့ကတည်းက တွေ့သားပဲ ဦးဇွဲကပင် တာချီလိတ်မှာနေ.."
"မင်းနေ"
လူသိမခံချင်သောDaddyအကြောင်းတွေကြောင့် သိမ်မွေ့ ဒင်းပါးစပ်ကိုအမြန်လိုက်ပိတ်တော့ မင်းနေက သဘောတကျရယ်နေလေသည်။
တကယ်အမြင်ကတ်စရာကောင်းသော မောင်လေးစုတ်ရယ်ပါ…
သို့သော် အဖေ့ဆီကယုံကြည်မှုပြန်ရဖို့ဆိုတာ ဒီကောင်စုတ်လေး၏စကားအပေါ် မူတည်နေသောကြောင့် မချစ်သော်လည်းအောင့်ကာနမ်းရမည်ဖြစ်သည်။

أنت تقرأ
ခခယယချစ်သူ
عاطفية"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...