Part - 15
-------
"Daddy"
ခါးကိုသိမ်းဖက်လာသည့် လက်ကလေးနှစ်ဖက်နှင့်အတူ နွေးသွားသောကျောပြင်၏အထိအတွေ့ကြောင့် လက်ဖမိုးလေးကိုဆွဲယူနမ်းမိသည်။
အရင်ကဆို သူမအထိအတွေ့ကို နီးကပ်စွာခံစားမိတိုင်း စိတ်ရိုင်းတွေဝင်လာတတ်ပေမယ့် ဒီတစ်ခါတော့ ထူးထူးခြားခြားငြိမ်သက်နေ၏။"လက်ကလေးတွေအေးနေတယ် ငယ်လေး"
"Daddyကိုင်ပေးထားလေ"
"ကိုင်ပါပြီခင်ဗျ နောက်ထပ်ဘာခိုင်းချင်သေးလဲ ပြောပါဦး"
"လက်မောင်းတွေလည်းအေးတယ်"
ဇွဲ တစ်ချက်ပြုံးမိကာ ငယ်လေးဘက်ကိုမျက်နှာချင်းဆိုင်လှည့်လိုက်ပြီး သူမကိုယ်လေးကို ရင်ခွင်ထဲမြုပ်သွားသည်အထိ ဖက်ထားလိုက်၏။
ငယ်လေးကိုယ်လေးဟာ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်သာရှိသော ပိစိကွေးလေးဖြစ်ပြီး ထိုပိစိကွေးမလေးက မျက်နှာလေးမော့လာပြီး…"နှုတ်ခမ်းတွေလည်းအေးတယ်"
"နမ်းရင်းစိတ်ပါသွားရင်ရော"
"Daddyအင်ဂျင်ကြီးပြေးနိုင်တဲ့အထိ ခရီးထွက်ကြမယ်လေ"
စကားတတ်လွန်းသော ငယ်လေးကြောင့် ဇွဲ သဘောတကျရယ်မိကာ နဖူးလေးကိုသာ မြတ်မြတ်နိုးနိုးနမ်းလိုက်မိသည်။
ဘာကြောင့်ရယ်မသိဘဲ ဒီနေ့ညတော့ သူ့စိတ်တွေဟာ ထူးထူးခြားခြားငြိမ်သက်နေကာ ငယ်လေးကို နောက်ထပ်မထိချင်တော့ဘဲ ဒီအတိုင်းလေးသာ ပွေ့ဖက်ထားချင်သည်။
ရမ္မက်မပါသော ချစ်ခြင်းသက်သက်ဖြင့်သာ သူမလေးကိုနမ်းရှိုက်ချင်သည်။"ဘာလို့လဲတော့မသိဘူး မနေ့ညကအထိ မင်းငြင်းရင်တောင် အိပ်ရာပေါ်ဆွဲခေါ်ဖို့ အဆင်သင့်ပဲ ဒါပေမယ့်အခု ကိုယ် နောက်ထပ်အနိုင်မကျင့်ချင်တော့ဘူး ငယ်လေး"
ငယ်လေးမျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး ဘာစကားမှလည်းမပြောတော့ဘဲ သူ့ကိုသာစူးစူးလေးငေးကြည့်နေ၏။
ထိုမျက်ဝန်းတွေဆီမှာ သူ ခဏခဏကျရှုံးခဲ့ရသည်။
ထိုမျက်ဝန်းတွေ မျက်ရည်ဝဲတိုင်း ရင်ဘတ်တစ်ခုလုံး အောင့်မျက်နာကျင်မိသောကြောင့် သူမမျက်လုံးလေးတွေကို လက်နှင့်ဖိသပ်ကာမှိတ်စေပြီး ငယ်လေးကိုပွေ့ယူလိုက်သည်။
မွေ့ရာပေါ်ချပေးလိုက်ပြီး အခုအချိန်ထိသူ့ကိုငေးနေသော ငယ်လေးကို နဖူးလေးထပ်နမ်းကာ စောင်ကိုရင်ဘတ်ပေါ်အထိဆွဲခြုံပေးလိုက်သည်။

YOU ARE READING
ခခယယချစ်သူ
Romance"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...