Part - 11
-------
ဒီတစ်လတော့ Daddyသည် မြေပြန့်ကိုဆင်းလာမည်ဟု အကြောင်းကြားပေမယ့် တကယ်ဆင်းလာမည့်ရက်မှာတော့ သိမ်မွေ့ဆီကိုဖုန်းတောင်မဆက်လာခဲ့။
စိတ်တိုတိုဖြင့် ပြဿနာရှာပစ်ဖို့ဆုံးဖြတ်ကာ Daddyတပည့်ဆီဖုန်းဆက်တော့မှ Daddyသည် ညီမဖြစ်သူနှင့်အတူ မြေပြန့်ကိုဆင်းသွားပြီဟု ပြန်သိရသည်။Daddyသည် ညီမနှင့်တူမ၏အကြောင်းကိစ္စတွေရှိလာလျှင် သိမ်မွေ့ကိုအကြောင်းမဲ့ဥပေက္ခာပြုထားတတ်၍ ဒီကိစ္စကိုသည်းမခံနိုင်။
ထို့ကြောင့် မြေပြန့်အထိဆင်းဖို့စိတ်ကူးပြီး မြေပြန့်မှာမောင်လေးတို့ရှိတာမို့ ကားမယူဘဲ လိုင်းကားဖြင့်လိုက်လာခဲ့သည်။
မင်းနေလာကြိုသည့်အခါ ဒေါသတွေဖြင့် မငြင်သာစွာအောင့်ဆောင့်နေမိသောသိမ်မွေ့ကို မင်းနေက ရှုံ့မဲ့ကာကြည့်ရင်း…"ဖြည်းဖြည်းလုပ်ပါဟ ဝက်မကြီးကို ကြိုးတုပ်ပြီးပစ်ချလိုက်သလိုပဲ"
"နင်နော်"
"ဘယ်ကိုလာတာလဲ ခု"
"ဦးလေ ငါ့ဆီမဝင်ဘဲ မြေပြန့်ကိုတန်းဆင်းသွားလို့.. ပြဿနာရှာမလို့လိုက်လာတာ"
"ဘယ်က ဦး"
Daddyနဲ့တွဲနေတာကိုမသိသေးသော မင်းနေက ထိုသို့မေးလာတော့ Daddyအကြောင်းပြောဖို့သင့်ရဲ့လားဟု သိမ်မွေ့တွေးကြည့်မိသေးသည်။
သို့သော် Daddyဟာ သိမ်မွေ့နဲ့အသက်ချင်းကွာလွန်းတာမို့ မင်းနေ အဖေ့ကိုသွားပြီးချွန်တွန်းလုပ်နိုင်ကြောင်း တွက်ဆလိုက်မိသည်။"နင်မသိပါဘူး"
"ဗရုတ်သုတ်ခတွေလာမလုပ်နဲ့နော် သိမ်မွေ့ တစ်ခုခုဆို နောင်ချိုမပြန်နိုင်အောင် ရိုဂာ်သဝာ်ပစ်မှာ"
"ဟဲ့.. ငါကအကြီးနော်"
"ကြီးတော့ဘာဖြစ်လဲ အချိုးမပြေရင် အကြီးလည်း လွှတ်ပေးမယ်မထင်နဲ့"
"နင်ကိုက ငါ့ကိုဆိုအရမ်းပြောတာ"
ဘာတွေမကျေနပ်လာသလဲမသိသော မင်းနေက သိမ်မွေ့ကို အပီအပြင်ကျိန်းမောင်းနေ၍ Daddyကိုမကျေနပ်သည့်စိတ်ဟာ ဒင်းဆီလှည့်သွားမိသည်။
ဒီကောင်လေး စော်နဲ့ပြတ်သွားလို့ ဒီလောက်ထိပေါက်ကွဲနေတာများလား…

ŞİMDİ OKUDUĞUN
ခခယယချစ်သူ
Romantizm"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...