Extra

30.4K 744 60
                                    

Extra

-------

ခြံရှေ့ကိုကားရပ်လိုက်သည်နှင့် ခေါင်းလေးငုံ့ကာကြည့်မိတော့ အပြင်မှာအစောင့်တွေသာရှိပြီး အသက်ရဲ့ကားကိုမြင်သည်နှင့် ခြံတံခါးပွင့်လာ၏။
ကိုကြီးက ကားကိုမောင်းဝင်လာပြီး အိမ်ရှေ့မှာရပ်လိုက်သည်နှင့် ရယ်သံတွေကြားလိုက်ရ၍ ရင်ထဲထိတ်ခနဲဖြစ်သွားမိသည်။

"ကိုကြီး နောက်မှလိုက်ခဲ့တော့"

ဆိုကာ ကားနှင့်ကိုကြီးကိုပစ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်လာသည့်အခါ ရယ်မောနေသူတွေက အသက်ကို လှည့်ကြည့်လာကြသည်။
ဦးဇွဲရဲ့ဥလေး အကောင်ပေါက်ပြီမို့ အလုပ်တွေပစ်ထားခဲ့ပြီး အသည်းအသန်ရောက်လာခဲ့သောကြောင့် ကလေးလေးတွေကိုပဲ ကြည့်ချင်နေမိသည်။

"မင်းနေကရော"

"ကားပေါ်မှာပဲရှိသေးတယ်"

အသက်သည် မေမေ့လက်ထဲက ကလေးပိစိလေးကိုငုံ့ကြည့်မိတော့ ထိုအကောင်ပေါက်ကလေးက နီတာရဲလေးဖြစ်ပြီး မျက်လုံးလည်းမပွင့်သေး။
လက်သေးသေးလေးက လှုပ်စိလှုပ်စိဖြင့် တအဲ့အဲ့အော်နေပုံလေးက အသည်းယားဖွယ်…

"မေမေ ဘယ်သူနဲ့တူတာလဲဟင်"

"ညည်းဦးဇွဲနဲ့တူတာပေါ့ ကြည့်ပါဦး မျက်ခုံးကျပုံတွေရော၊ အသားနည်းနည်းညိုတာရော ဟိုဟာလေးကတော့ သိမ်မွေ့နဲ့တူတယ်"

"ဟမ်! နှစ်ယောက်လား"

"ဟုတ်ပါ့"

အသက်၏ ပြူးပြူးပြဲပြဲမေးခွန်းကြောင့် ဦးဇွဲကရှက်သွားသလို ပြုံးစိစိဖြင့်မျက်နှာလွှဲသွားပြီး နောက်တစ်ယောက်ကတော့ မမသိမ်မွေ့လက်ထဲမှာဖြစ်သည်။
ထိုအချိန်ကိုကြီးက အထုတ်တွေဆွဲပြီးဝင်လာရင်း ကလေးပိစိလေးနှစ်ယောက်ကိုကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားပြန်သည်။

"အမွှာလား"

"ဟုတ်တယ်"

ကိုကြီးက အစ်မဖြစ်သူကိုလှမ်းကြည့်တော့ မမသိမ်မွေ့က ရယ်ရုံသာရယ်ပြီး သူမ,လက်ထဲက ကလေးလေးကိုပင့်ပြသည်။
ထိုကလေးလေးကတော့ တကယ်ပဲ မမသိမ်မွေ့လို ဖြူဖြူဥဥမျက်နှာမျိုးလေးဖြစ်သည်။

ခခယယချစ်သူDonde viven las historias. Descúbrelo ahora