2

34.6K 712 29
                                    

Part - 2
-------

ဘဝမှာ အလွန်ပျင်းရိစရာကောင်းသောကိစ္စဆိုလျှင် ရှယ်ယာရှင်အစည်းအဝေးကိုပဲ ဇွဲထောက်ပြရမည်ဖြစ်သည်။
ရှယ်ယာကိစ္စကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ဖူးသလို ဒီလုပ်ငန်းဟာ သူ့ငွေမဲတွေကို ငွေဖြူဖြစ်အောင်လုပ်သည့် ထောက်တိုင်တစ်ခုသာဖြစ်သည်။
အစိုးရအဖွဲ့အစည်းတွေနှင့် အပိုင်ပေါင်းသင်းထားသောGroupမို့ ဤအယောင်ပြလုပ်ငန်းဟာ ဇွဲအတွက်တော့ အခက်အခဲမရှိ။

"ဒါဆို မရှင်းတာမရှိတော့ပါဘူး ဘယ်သူဘာမေးဖို့ရှိသေးလဲ"

CEO၏အမေးကို အားလုံးကခေါင်းခါကြ၍ အစည်းအဝေးကိုရပ်နားလိုက်ကာ သူတို့အားလုံး Meetingခန်းအပြင် ထွက်လာခဲ့ကြသည်။
ဆေးပြင်းလိပ်ကိုကိုက်ထားလိုက်ကာ ဝရံတာမှာရပ်ရင်း မီးခြစ်ကိုလိုက်စမ်းသပ်ရင်းရှာတော့ ဘယ်ရောက်နေသလဲမသိ။
စောစောကမွန်းကြပ်နေရသည့်အထဲ မီးခြစ်ကိုပါမတွေ့၍ ဇွဲ ပိုပြီးစိတ်ရှုတ်ထွေးလာ၏။

"ကိုဇွဲ ပြန်တော့မှာလား"

"အေး"

"ခဏလေးတောင် မနေတော့ဘူးလား"

"မင်းတို့မြေပြန့်ကဘာရှိလို့လဲ မနေဘူး"

သူ ဘုတောပစ်လိုက်တော့ CEOကရယ်ကာ ဖိုင်တစ်ထပ်ဖြင့် သူ့ပခုံးကိုလှမ်းပုတ်ရင်း ခေါင်းညိတ်ပြပြီးနှုတ်ဆက်၏။
သူလည်း ခေါင်းပြန်ညိတ်ပြလိုက်ရင်း ဆေးပြင်းလိပ်ကိုကိုက်ကာ ဝရံတာမှာ တစ်ယောက်တည်းကျန်နေခဲ့သည့်အခါမှ ဟိုကုတ်အင်္ကျီထဲပါသွားမှန်း သတိရလိုက်သည်။

"ကျွတ်!!"

စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါထုတ်ပစ်လိုက်ကာ ဆေးပြင်းလိပ်ကိုလည်း မသောက်ဖြစ်တော့ဘဲ ဘူးထဲပြန်ထည့်လိုက်သည်။
နှစ်ပေါင်းများစွာ သုံးခဲ့သည့် ဇစ်ပိုမီးခြစ်ကလေးမို့ နှမျောသလိုဖြစ်မိကာ နေရာမှလှည့်ထွက်လာခဲ့၏။
အိမ်ပြန်ရဦးမည်မလား…

🍀🍀🍀

နောင်ချိုကိုရောက်တော့ ကားကိုဆီထည့်နေ၍ ဇွဲ ပန့်ဆိုင်အပြင်ဘက်မှာ ရပ်ကျန်နေခဲ့ရင်း ကုတ်အင်္ကျီထဲလက်ထည့်ရင်း စောင့်နေမိသည်။
နောင်ချိုဆောင်းရာသီဟာ ခါတိုင်းလောက်မအေးဟု ထင်မိသောကြောင့် ကုတ်အင်္ကျီကိုခပ်ပါးပါးသာဝတ်ထားမိကာ ကားအပြင်ကစောင့်ရသည့်အခါ ဇွဲတစ်ကိုယ်လုံးအေးစက်လာ၏။

ခခယယချစ်သူWhere stories live. Discover now