6

28.3K 604 24
                                    

Part - 6
-------

"ရတော့မယ်"

မကြားရတာကြာပြီဖြစ်သော ငယ်လေးရယ်သံကြောင့် အသံလာရာဆီကို နားစွင့်ကြည့်တော့ မီးဖိုခန်းထဲကလာခြင်းဖြစ်သည်။
သူမ ဘာလုပ်နေတာလဲဆိုသည့်အတွေးဖြင့် ခြေသံဖွဖွဖြင့် ချဥ်းကပ်လာခဲ့ကာ အပေါက်ဝမှချောင်းကြည့်မိတော့ ဇွန်းရှည်တစ်ချောင်းကိုင်ထားသည့် သူမ…

"မလုပ်ပါနဲ့ ခလေးရယ် ဆရာသိရင်အဆူခံနေရမယ်"

"ရပါတယ် Daddyအပြင်သွားတာပဲဥစ္စာ ဒါကလည်းကျက်တော့မှာပါ"

"နောက်တစ်ခါမလုပ်နဲ့နော် ဆရာက ခလေးမကို မီးဖိုးချောင်မဝင်ဖို့ သေချာမှာသွားတာ"

"မီးလောင်မှာစိုးလို့နေမယ် ခစ်ခစ်!!"

ကိုယ့်ရှေ့မှာဆို ကြောက်နေသည့်မျက်နှာ၊ ငြင်းဆန်လိုသည့်မျက်နှာဖြင့် တစ်ချိန်လုံးရှိနေသည့်သူမသည် ကိုယ့်ကွယ်ရာမှာ ရယ်မောနေ၍ ထောင်းခနဲဒေါသဖြစ်သွားမိသည်။
ထို့ကြောင့် ထိုင်ခုံတစ်လုံးကို အသံမြည်အောင်ဆွဲထုတ်ပစ်လိုက်တော့ နှစ်ယောက်လုံးလှည့်ကြည့်လာကာ ချက်ချင်းပြောင်းလဲသွားသောသူမ။
တစ်ကိုယ်လုံးတုန်ယင်သွားပြီး သူ့ကိုကြောက်ရွံ့သွားသည့် ထိုမျက်နှာလေးကို စေ့စေ့ကြည့်မိရင်း ဒေါသထွက်လာမိ၏။

"Daddy"

"အင်း"

သူမက မျက်လုံးချင်းဆုံအောင်မကြည့်ရဲဘဲ ကပျာကယာခေါင်းငုံ့သွားသည့်အပြင် လက်ထဲကဇွန်းရှည်ကိုလည်း ခုံပေါ်လှမ်းတင်ပြီးငြိမ်ကုပ်သွားသည်။
အသက်ရှူမြန်လာမှန်း သိသာစေသော ရင်ဘတ်လှလှလေးက မို့မောက်လာလိုက်၊ ပြန်နိမ့်သွားလိုက်။
ဘာကိုကြောက်နေတာလဲ…
အတူနေသည့်အချိန်ကလွဲလို့ သူမအပေါ် ဘာတွေများနာကျင်အောင်လုပ်ဖူးလို့လဲ…

"ဒေါ်ရွှေမာ"

"ရှင်! ဆရာ"

"ခင်ဗျားဒီနေ့တစ်နေကုန်ထမင်းမစားနဲ့ ကျုပ်မှာခဲ့တာတစ်ခုတည်းရယ် သူ့ကိုမီးဖိုချောင်မဝင်စေနဲ့လို့"

"ဟုတ်ကဲ့ ကျွန်မမှားသွားပါတယ် ဆရာ"

တကယ်က အသက်ကြီးသူတွေကို ဇွဲ ယခုလိုအပြစ်မပေးတတ်ပေမယ့် သိမ်မွေ့ကိုကြပ်သည့်အနေဖြင့် တမင်ပြောလိုက်ခြင်းဖြစ်သည်။
ဒါမှသာ ကိုယ့်စကားနားထောင်မှာမို့…

ခခယယချစ်သူWhere stories live. Discover now