Part - 19
-------
ဒီနေ့တော့ ငယ်လေးက စကားဝါရောင်ဂါဝန်ရှည်ရှည်ဝတ်ထားပြီး ဆံပင်တွေကိုတော့ ခွေခွေလေးကောက်ကာ ဖြန့်ချထားသည်။
ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်ရှုထောင့်ကနေကြည့်ကြည့် ထင်းလင်းဝင်းစက်နေသော သူမကို ကိုယ်ပိုင်ဆိုင်ထားပြီးဖြစ်ပါလျက် ခဏခဏငေးနေမိသည်အထိ။
"Daddy သူများကိုပဲကြည့်မနေနဲ့ ကြည့်ဦး ကြယ်သီးတွေလည်း မတပ်ရသေးဘူး"
တဖျစ်တောက်တောက်ဖြင့် နှုတ်ခမ်းလေးစူထော်ကာ သူ့ရှေ့သို့ရောက်လာပြီး ရှပ်အင်္ကျီကြယ်သီးတွေတပ်ပေးနေ၍ သူ ငြိမ်နေလိုက်သည်။
ငယ်လေးဟာ ဇနီးဆိုသည့်နေရာကို အပြည့်အဝရယူနေပြီဖြစ်သလို သူ့ကိုလည်းပြုစုပေးရကောင်းမှန်း၊ ဂရုစိုက်ရကောင်းမှန်း သိနေပြီဖြစ်သည်။
လက်ပေါ်ကကြယ်သီးတွေကို အသေအချာတပ်ပေးပြီး ကုတ်အင်္ကျီကြယ်သီးတွေကိုပါ တပ်ပေးနေခဲ့သည်။
အသည်းယားလာ၍ ငယ်လေးကိုယ်လေးကို ရင်ခွင်ထဲမြုပ်သွားသည်အထိ ဖက်ပစ်လိုက်ပြီး လည်တိုင်နုနုလေးကိုနမ်းတော့ တွန့်လိမ်ရုန်းဖယ်လာတော့သည်။
"မင်္ဂလာပွဲစတော့မှာလို့ ဘယ်လိုဖြစ်နေတာလဲ"
"ကိုယ်တို့လည်း အဲ့လိုလက်ထပ်ရအောင်လေ ခမ်းခမ်းနားနားလေး"
"Daddy အဖေ့ဆီပဲ အရင်ရောက်အောင်သွားပါဦး"
"ဘာသွားလုပ်ရမှာလဲကွာ မင်းနဲ့အတူတူနေနေပြီပဲ အဲ့ဒါတွေကလိုသေးလို့လား"
"Daddy သိမ်မွေ့ကို လမ်းဘေးကကောက်ယူလိုက်တာမို့လို့လား"
"ငယ်လေးကလည်းကွာ"
"အဲ့ဒါဆို Daddy အဖေနဲ့တွေ့ရမယ်"
နည်းနည်းတော့စိတ်ညစ်သွားပေမယ့် ငယ်လေးမျက်နှာလေး စူပုတ်နေပြီမို့ နောက်ထပ်ကန့်လန့်မတိုက်ချင်တော့ဘဲ နဖူးလေးကိုငုံ့နမ်းရင်း ခေါင်းညိတ်ပြလိုက်သည်။

YOU ARE READING
ခခယယချစ်သူ
Romance"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...