Part - 7
-------
"ဆရာခိုင်းတဲ့အတိုင်းလုပ်ပြီးပါပြီ မိန်းကလေးဘက်က မယုံကြသေးဘူး အဲ့ဒါကြောင့် DNAစစ်ဖို့ မိန်းကလေးရဲ့လက်သည်းလေးတွေပေးလိုက်တယ်"
"အင်း အဲ့ဒီအမှုကိုကိုင်တဲ့ရဲကို လုံလုံလောက်လောက်ပေးလိုက် တစ်စွန်းတစ်စမထွက်စေနဲ့"
"ဟုတ်ကဲ့"
"ဘာရှိသေးလဲ"
"နယ်စပ်ကိုသွားစစ်ရဦးမယ် ဆရာ ဟိုဘက်အဖွဲ့တွေက နည်းနည်းနယ်ကျော်ချင်နေကြတယ်"
"အဲ့ဒါဆို သွားဖို့ပြင်လိုက်တော့"
"ကျွန်တော်ပဲသွားလိုက်ပါ့မယ် ဆရာမရှိရင် ဟိုမိန်းကလေး.."
"ရတယ် သူပြေးလို့မရဘူး သွားဖို့ပြင်ထားလိုက်"
စီးကရက်ကို ပြာခွက်ထဲထိုးချေရင်း အမိန့်ပေးလိုက်တော့ တပည့်ကျော်က ခေါင်းညိတ်ပြပြီး အခန်းထဲကပြန်ထွက်သွားသည်။
ငယ်လေးကိုခေါ်လာပြီးကတည်းက ခရီးမထွက်ဖြစ်တော့ဘဲ အခုမှသာ ပြန်ထွက်ရမှာဖြစ်သည်။
နယ်စပ်ဒေသဆိုတာ အမြဲစစ်ဆေးနေမှတော်ကာကျမည်ဖြစ်ကာ အရောင်းအဝယ်သည်လည်း တစ်ခါတစ်လေ ကိုယ်တိုင်ပါမှ…"ဆရာ အထည်သမားရောက်နေပါပြီ"
"အင်း ငယ်လေးဆီခေါ်သွားလိုက်"
ဒေါ်ရွှေမာက ခေါင်းညိတ်နာခံပြီး ပြန်ထွက်သွားတော့ ငယ်လေးကိုတွေ့ချင်လာ၍ နောက်က တိတ်တဆိတ်လိုက်သွားလိုက်သည်။
သူမအတွက် အဝတ်အစားဖြည့်ဆည်းပေးရမှာမို့ အထည်သမားခေါ်ထားခြင်းဖြစ်ကာ အထုတ်တွေဖွင့်နေကြတာကို ငယ်လေးက ထိုင်ကြည့်နေသည်။"ဘာတွေလဲဟင်"
"ဆရာဇွဲက လွှတ်လိုက်တာပါ ညီမလေးအတွက် အဝတ်အစားတွေလေ ဒါတွေအကုန်လုံးပဲ"
"အများကြီးပဲ"
"အများကြီးမလိုချင်လည်း ကြိုက်တာလောက်လေးပဲရွေး ဟုတ်ပြီလား ဒါလေးဆိုရင်ရော"
ငယ်လေးက အဝတ်အစားအသစ်ရတော့ မျက်နှာလေးပြုံးလာကာ ခေါင်းလေးညိတ်ပြပြီး ထိုအင်္ကျီကိုလှမ်းယူကာ ကိုယ်ပေါ်ကပ်ကြည့်သည်။
VOUS LISEZ
ခခယယချစ်သူ
Roman d'amour"နေ့ရောညရော မင်းနဲ့အတူရှိမယ် ကိုယ့်ရင်ခွင်ထဲမှာ မင်းကိုပွေ့ဖက်ပြီးအိပ်ရာဝင်မယ် နိုးထမယ် မယ့်ဟောင်ဆိုင်က တောင်နေကြာတွေပွင့်တဲ့အချိန် မင်းနဲ့အတူတူသွားကြည့်မယ် အဲ့ဒီနေ့ကိုရောက်တဲ့အခါ ဇွဲကပင်ဆိုတာ မင်းအတွက်ဖြစ်သွားပြီ" "Daddyနဲ့သာအတူတူရှိနေရရင် နေဝင်သွ...