အပိုင်း (၁) U×Z

1.9K 94 10
                                    

Unicode

"အရှင့်သား ရန်သူတွေ ကိုအောင်နိုင်ဖို့လက်တစ်ကမ်းဘဲလိုပါတော့
တယ် "

"ဟုတ်လား ဒါဆို မြို့ရိုးတံခါးပွင့်တာနဲ့
ရှင်ဘုရင့်နန်းဆောင်ဆီ တိုက်ရိုက်သွားကြတာပေါ့ "

"အမိန့်တော်မြတ်အတိုင်းပါ အရှင့်သား "

ဦးညွတ်ကာ အရိုအသေပေးပြီးထွက်သွားတဲ့ ချွမ်းရွေ့ကိုကြည့်ပြီး
ကျန်းဟောက်ပြုံးလိုက်မိသည်။ အခုသူ့ရှေ့က တိုက်ခိုက်နေကြတဲ့
မြင်ကွင်းက သိပ်တော့ ကြည့်ပျော်စရာမရှိပေမယ့် မကြာခင်
တွေ့ရတော့မယ့် သူ့နှလုံးသားလေးအကြောင်းကိုတွေးပြီး
ဝမ်းသာမိပါရဲ့ ။

"ကိုယ်တော်တို့ ဒီတစ်ခါထပ်မဝေးရတော့ဘူး
ကိုယ်တော့်အပြုံးပိုင်ရှင်လေး ။"

*******
"အရှင်မင်းကြီး ဟန်နိုင်ငံသားတွေ မြို့ရိုးတံခါးကိုဖြတ်ပြီးဝင်လာ
နေပါပြီ အချိန်မနှောင်းခင် ကျွန်တော်မျိုးတို့နေရာရွှေ့ရအောင်ပါ"

သူတို့မြို့ရဲ့ စစ်သူကြီးပတ်မရှိတဲ့အချိန် အတိအကျကို လာပြီး
ကျူးကျော်တဲ့ ဟန်နိုင်ငံသားတွေက သူတို့နိုင်ငံအကြောင်းကို
သေချာစုံစမ်းထားပုံရတယ် နယ်စပ်က ကျူးကျော်မှုကို
တားဆီးဖို့သွားတဲ့ စစ်သူကြီးက အချိန်မီရောက်လာနိုင်မှာမဟုတ်
လောက်ဘူး ။

"ကင်ကုန်းကုန်းရဲ့ စေတနာကိုနားလည်ပေမယ့် ကိုယ်တော်ရဲ့
တိုင်းသူပြည်သားတွေနဲ့ နိုင်ငံတော်ကို ကျူးကျော်သူလက်ထဲ
မှာချန်ထားပြီး ကိုယ်တော်ဘယ်ကိုမှထွက်သွားဖို့ မလုပ်ဘူး"

"ဒါပေမယ့် မင်းကြီး "

မကြာခင် ဟန်နိုင်ငံလက်ထဲကိုကျရောက်ပြီးအသတ်ခံရတော့
မယ့်အနေအထားမှာ တည်ငြိမ်နိုင်သေးတဲ့ သူတို့ရဲ့ဘုရင်
ဆောင်းဟန်ဘင်းကိုကြည့်ပြီး ကင်ကုန်းကုန်းတဖြစ်လဲ
မင်းကြီးရဲ့အထိန်းတော်ကင်ထယ်ရယ်က
သက်ပြင်းမောကိုသာအသံတိတ်ချမိတော့တယ်။

အေးလေ ဘုရင်ကိုယ်တိုင်က ဆုံးဖြတ်ထားပြီးမှတော့
ဒီကုန်းကုန်းက ဘာတတ်နိုင်မှာလဲ အတူတူအသေခံရုံပဲရှိတော့
တာပေါ့။

The King and Me (binhao)U×Z(completed)Where stories live. Discover now