Unicode
"အထိန်းတော်ကင် ပြောကြည့်ပါဦး ကိုယ်တော့်ကိုသဘောကျ
လို့ဆိုပြီး နိုင်ငံကိုအတင်းသိမ်း မိဖုရားခေါင်အတင်းလုပ်ခဲ့တဲ့သူက
အခုကျတော့ ကိုယ်တော့်ကိုသိပ်သဘောမကျတော့လို့
သူ့နိုင်ငံသူပြန်တော့မယ်တဲ့ ဖြစ်သင့်ရဲ့လား
တိုင်းပြည်ရဲ့မိခင်နေရာကို ယူချင်တိုင်းယူပြီး ပေးချင်တိုင်း
ပြန်ပေးလို့ရလား ?"ဟာအိုရဲ့နန်းဆောင်ကပြန်ရောက်ပြီးနောက် ဟန်ဘင်းသည်
သူ၏အမြင်ကို အထိန်းတော်ကင်အားဒေါသတကြီး ပြောဆို
တိုင်တန်းနေတော့သည်။"အရှင်မင်းကြီးက မိဖုရားခေါင်ဟန်နိုင်ငံပြန်သွားမှာကို
ဒေါသထွက်နေတာလား ""အထိန်းတော်ကင် စကားကိုသေချာနားမလည်လိုက်ဘူးလား
သူပြန်သွားမှာကို ဒေါသထွက်တာမဟုတ်ဘူး
တိုင်းပြည်ရဲ့မိခင်က လုပ်ချင်ရာလုပ်မှာကိုခွင့်ပြုမပေးနိုင်တာ "ဟန်ဘင်းရဲ့စကားကြောင့် ထယ်ရယ်ကပြုံးလိုက်သည်။
"မိဖုရားခေါင်ကြီး ရေထဲကျပြီးတဲ့နောက်ပိုင်း
အရှင်မင်းကြီးရဲ့ သူ့ပေါ်မှာထားတဲ့သဘောထား ပြောင်းလဲသွား
သလိုပဲ "ပြုံးယောင်သန်းနေတဲ့ ထယ်ရယ်ကိုကြည့်ပြီး ဟန်ဘင်းစကားဆက်
မပြောချင်တော့တာမို့ ထယ်ရယ်ကိုလက်ပြပြီးအခန်းပြင်ထွက်ခိုင်း
လိုက်တော့သည်။"သူ့နိုင်ငံသူပြန်တာကိုဘာလို့သဘောမကျရမှာလဲ
ဒီအတိုင်း တိုင်းပြည်ရဲ့မိခင်က လုပ်ချင်ရာလုပ်နေတာကိုခွင့်ပြု
မပေးနိုင်တာ ""အရင်ကတော့ အတင်းအကျပ် မိဖုရားခေါင်ရာထူးကို
ယူပြီးမှ တာဝန်မယူချင်တော့လို့ရလား ။"လွန်ခဲ့သောတစ်နှစ်က သူ့နိုင်ငံကိုတက်သိမ်းပြီး
မိဖုရားခေါင်ရာထူးကိုပေးပါက နန်းတော်အတွင်းအပြင်သာမက
မြို့တော်ကိုပါ အပျက်အစီးတစ်ပိုင်းတစ်စမျှမရှိခဲ့သည့်အတိုင်း
ပြန်ဖြစ်စေရမည် ။ထို့ပြင် ဟန်နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးမှုရပြီး
စီးပွားရေး ၊ လူမှုရေး အဆင်ပြေစေရမည် ဆိုသည့်
ကတိများပေးခဲ့သည့် အဖြူရောင်ဝတ်ရုံနှင့်လူသည်
လူထူးဆန်းသဖွယ် ။ အစက ထိုရာထူးကိုယူကာ ဂိုယောင်းနှင့်မိမိကို ချုပ်ကိုင်ခြယ်လှယ်ချင်၍ ဤသို့ကမ်းလှမ်းလာသည်ဟု
ထင်သော်လည်း နောက်ပိုင်းတွင်
အုပ်ချုပ်ရေးပိုင်းမှာရော စီးပွားရေးပိုင်းမှာပါ ပါဝင်စွက်ဖက်ခြင်း
မရှိဘဲ မိဖုရားခေါင်တို့တာဝန်ယူရသည့် အနောက်နန်းဆောင်
အုပ်ချုပ်ရေးကိုသာ ဆောင်ရွက်ခဲ့သည် ။

YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။