အပိုင်း (၅) UxZ

814 97 8
                                    

Unicode

အခုချိန်က ဟာအိုနဲ့ ဟန်ဘင်း တို့နှစ်ယောက်
မယ်တော်ကြီးကိုသွားရောက် ဂါရဝပြုရန် သွားနေခြင်းပင် ။

'သူ့အမေကိုသူ သွားတွေ့တာပဲ ကိုယ်ပါကိုယ်သွားပေါ့
ဘာလို့ငါ့ကိုပါခေါ်လာရတာလဲ ' လို့တွေးနေတဲ့ ဟာအိုက
ဟန်ဘင်းရဲ့ ဘေးအနောက်နှစ်လှမ်းအကွာကနေ လျှောက်နေတာမဟုတ်ပဲ ဟန်ဘင်းရဲ့နောက်တည့်တည့်ကနေလျှောက်နေတာကြောင့်
ဟန်ဘင်းရပ်လိုက်တဲ့အခါ ဟန်ဘင်းရဲ့နောက်ကျောကို 'အင့်'
ကနဲနေအောင်ဆောင့်မိသွားတော့သည် ။

"မိဖုရားခေါင်က ဘာတွေအတွေးလွန်နေလို့
ကိုယ်တော့်ကိုတောင်မမြင်ဘဲတိုက်မိရတာလဲ "

"အဲ့တာ မင်းကြီးက ရုတ်တရက် ရပ်လိုက်လို့လေ "

ဟန်ဘင်းရဲ့တောင့်တင်းတဲ့နောက် ကျောနဲ့ တိုက်မိတာကြောင့်
အနည်းငယ်ရဲသွားတဲ့နဖူးကိုကြည့်ပြီး ဟာအိုရဲ့လက်ကိုဆွဲကာ
သူ့ဘေးနားမှာ ယှဥ်ပြီးလျှောက်စေလိုက်တော့သည် ။

"အခုတော့ အဆင်ပြေပြီမလား ?"

အဲ့လိုနဲ့ဒီနန်းတော်မှာ ဘုရင်နဲ့ ယှဥ်ပြီး လမ်းလျှောက်ခွင့်ရတဲ့
ပထမဆုံးသူက ကျန်းဟာအိုဖြစ်လာခဲ့တော့သည် ။

***
"ကျန်းမာပါရဲ့လား မယ်တော် "

"အေးကွယ်ကျန်းမာပါတယ် မိဖုရားခေါင်ကရော
ခန္ဓာကိုယ်က ဘယ်လိုလဲ သက်သာရဲ့လား
အခုမှနေကောင်းခါစကို ဘာလို့အဝေးကြီးလမ်းလျှောက်ဖို့ခေါ်လာ
ရတာလဲ မင်းကြီး "

ဟန်ဘင်းရဲ့အမေ က ဟန်ဘင်းလိုအပြုံးချိုချိုလေးရှိပြီး
စိတ်ထားလည်းကောင်းပုံရသည် ။ ဒါကြောင့် တစ်ချိန်က
တိုင်းပြည်ရဲ့မိခင်နေရာကို ရခဲ့တာဖြစ်မည်။

"ကျွန်တော်မျိုး တော်တော်လေးသက်သာနေပါပြီး "

ခါတိုင်းနဲ့မတူဘဲ ဟာအိုဆီကနေ နွေးထွေးတဲ့အငွေ့သက်လေး
ရတာကြောင့် ဟန်ဘင်းရဲ့အမေက ပြုံးသည် ။ ရေထဲမကျခင်
ကဆို သူ့သမက်လေးက အေးစက်စက်ကြီးမဟုတ်ပါလား ။

"ဒါဆို မယ်တော်တို့ ထမင်းအတူတူစားရအောင်
မိသားစုရဲ့အငွေ့သက်လေး ခံစားချင်လို့ စားပွဲအကြီးနဲ့ပြင်ဖို့ပြော
ထားတယ် မိဖုရားခေါင်အတွက်အဆင်ပြေပါ့မလား "

The King and Me (binhao)U×Z(completed)Where stories live. Discover now