Unicode
"မနေ့ညကနဲ့ ဒီနေ့တစ်နေကုန်ဘယ်တွေသွားနေလဲ!!!!
မပြောမဆိုနဲ့အပြင်ထွက်တာမက
ဖုန်းပါစက်ပိတ်ထားလိုက်သေးတယ်
ဘာလဲ နာမည်လေးနည်းနည်းရလာပြီဆိုတော့
ကလန်ကဆန်လုပ်ချင်နေတယ်ပေါ့လေ ဟုတ်လား !!!"ဟန်ဘင်း ဟာအိုအိမ်ကနေ တက္ကငှားပြီးကုမ္ပဏီကိုပြန်လာရာ
ရောက်ရောက်ချင်းပင် မန်နေဂျာ၏ဆူပူခြင်းကိုခံရတော့သည်။"ခေါင်းဆောင်ဖြစ်တဲ့မင်းက ဒီလိုပဲလုပ်ချင်တာတွေ
လုပ်နေမယ်ဆို ကျန်တဲ့လူတွေကိုဘယ်လိုထိန်းကျောင်းတော့မလဲ
ဟမ်!!!""မန်နေဂျာကြီး ဟန်ဘင်းဟျောင်းက အမြဲတမ်းအဲ့လိုလုပ်တာ
လဲမဟုတ်ဘဲ ဘာလို့ဒီလောက်ဆူနေရတာလဲ ၊ ဒီအတိုင်းကောင်း
ကောင်းပြောရင်လည်းရသားပဲကို "ထယ်ရယ်ကဝင်ပြောတော့သည် ။ရာရာစစဘာလို့
ငါ့ရဲ့မင်းကြီးကိုအော်နေတာလဲ ဂိုယောင်းမှာသာဆို
အစောင့်ခေါ်ပြီး အကျဥ်းခန်းထဲပို့လိုက်ပြီ။"ဘာ ! အဖွဲ့ဝင်အချင်းချင်းကူပြောပေးတယ်ပေါ့ ၊
ဒီမှာ မင်းတို့တွေနာမည်ကြီးလာတယ်ဆိုတာ ငါ့ကြောင့်ဆိုတာ
သိလား ၊မန်နေဂျာကောင်းကောင်းမရှိဘဲနဲ့ မင်းတို့ဒီနေရာထိ
တက်လာနိုင်မယ်လို့ထင်နေတာလား ?""မန်နေဂျာကြီး စကားက မှားနေပါတယ် ကျွန်တော်တို့က
မန်နေဂျာကြီးနဲ့မတွေ့ခင် boys planetမှာကတည်းက
နာမည်ရပြီးသားပါ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က
မန်နေဂျာကြီးရဲ့ ကျေးဇူးရှင်တွေပါ "မန်နေဂျာက အသံကုန်ဟစ်၍ဆူနေတာကြောင့် ရစ်ကီလည်း
မနေနိုင်တော့ဘဲ ထပြောတော့သည် ။"အော် ဟုတ်လား ဒါဆိုလည်း ကျေးဇူးရှင်ကြီးတို့
အခုချိန်ကစပြီး အလုပ်ကိုကိုယ်တိုင်စီမံလိုက်တော့
ကျွန်တော်မျိုး အလုပ်ထွက်စာအခုချက်ချင်းသွားတင်လိုက်ပါ
မယ် "ပြောပြီး မန်နေဂျာကတံခါးကိုဆောင့်ပိတ်ပြီး ထွက်သွား
တော့သည် ။"အလကားနေဘဝင်လေဟပ်နေတယ် မန်နေဂျာက
သူတစ်ယောက်တည်းရှိလို့လား ?"တော်ရုံဆိုဘာမှမပြောတဲ့ ရစ်ကီကတော်တော်လေးဒေါသထွက်နေတဲ့ပုံမို့ အဖွဲ့ဝင်တွေလည်း ဘာမှမပြောတော့ပေ ။
မန်နေဂျာတစ်ယောက်အလုပ်ထွက်သွားတော့လည်း
ကုမ္ပဏီက အသစ်တစ်ယောက်စီစဥ်ပေးမှာပေါ့ ။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။