Unicode
မနက်အစောကြီး မိဖုရားခေါင်၏ စားဖိုဆောင်ထဲတွင်
ဆူညံနေတော့သည်။"မိဖုရားခေါင်ကြီး အပြင်ထွက်နေပါ လိုအပ်တဲ့ဟင်းကိုပြောရင်
ကျွန်တော်မျိုးတို့ကိုယ်တိုင် ချက်ပေးမှာပါ "စားဖိုဆောင်ထဲဝင်လာကာ အင်္ကျီလက်တွေကိုခေါက်တင်ပြီး
အမှန်တကယ်ဝင်ချက်တော့မယ့် ဟာအိုကြောင့်
နန်းတွင်းစားတော်ကဲများက တားနေကြသည်။"မလိုချင်ဘူး ငါကိုယ်တိုင်ချက်မှာပါဆို အကုန်လုံးသွားကြ
ဒီနန်းဆောင်ကြီး မီးမလောင်စေရဘူးကတိပေးတယ် "ဘယ်လိုမှတားမရတဲ့အဆုံးစားတော်ကဲတွေက စားဖိုဆောင်အပြင်
မှာ မတ်တပ်ရပ်နေကြပြီး ရင်တမမနဲ့ မျက်တောင်ပင်မခတ်ရဲဘဲ
အတွင်းဘက်ကိုကြည့်နေရရှာသည်။ အကယ်၍မိဖုရားခေါင်
တစ်ခုခုဖြစ်သွားပါက မင်းကြီးက သူတို့ကိုသတ်လိမ့်မယ်။
ဘာလို့ဆို အခုတလော မင်းကြီးနဲ့မိဖုရားခေါင်ဆက်ဆံရေးက
အရင်ကထက်ပိုမိုကောင်းမွန်လာသည်မဟုတ်ပါလား ။"အားလုံး ဘာလို့အပြင်မှာ မတ်တပ်ရပ်နေကြတာလဲ "
ဂွန်းဝုတစ်ယောက် မနက်ညီလာခံတက်ပြီး အပြန်
မနေ့က မြှားပစ်သင်ပေးဖို့ကိစ္စကိုငြင်းလိုက်မိတာကြောင့်
ပြန်တောင်းပန်ရန် ဟာအိုရဲ့နန်းဆောင်ကိုရောက်လာချိန်
ဧည့်ဆောင်ဘက်မှာတစ်ယောက်မှမရှိဘဲ
လူသံကြားရာကို လျှောက်လာကြည့်လိုက်တော့
နန်းတွင်းသူတွေနဲ့ စားတော်ကဲတွေအားလုံးတန်းစီပြီး
မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရသည်။ထို့နောက်အားလုံးက ဂွန်းဝုကိုမြင်ပြီး နောက်ဆုတ်ကာအရိုအသေ
ပေးပြီး ဟာအိုက ကိုယ်တိုင်ဟင်းဝင်ချက်နေကြောင်းဖြေလိုက်ကြ
တော့သည် ။"အရင်တုန်းက မိဖုရားခေါင်က အဲ့လိုဝင်နေကြလား "
"မဟုတ်ပါဘူး အခုမှစဝင်တာပါ "
"အဲ့တာကို ဘယ်လိုလို့ တစ်ယောက်တည်းလွှတ်ထားရတာလဲ"
ဂွန်းဝုက စိတ်ပူပူနဲ့ဝင်သွားလိုက်တော့ သူ့အဖြူရောင်လေးက
ထင်းထည့်ပြီး မီးမှုတ်နေသည်။သူ့ကိုယ်ရံတော်ကတော့
ဓားကိုင်ပြီး မုန်လာဥလှီးနေသည်။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။