အပိုင်း (၆) UxZ

807 94 6
                                    

Unicode

"ဝူဟွန်းလေး  ခုနက မိဖုရားခေါင် ဒီကိုလာသွားသေးတယ်ဆို
အဆင်ပြေရဲ့လား သူဘာတွေပြောသွားသေးလဲ "

အလောတကြီးလာခဲ့ပုံရတဲ့ ဟန်ဘင်းက နဖူးမှာချွေးစ
လေးတွေပင်စို့နေသေးသည် ။

"ထိုင်ပါဦး အစ်ကိုတော်ရဲ့ ရေအေးအေးလေးတစ်ခွက်လောက်
အရင်သောက်လိုက်ပါဦး "

အေးဆေးနေပုံရတဲ့ ဝူဟွန်းကြောင့် ဟန်ဘင်းရင်ထဲက အလုံးကြီး
ကျသွားတော့သည် ။

"ကျွန်တော်မျိုးနဲ့ ရင်းနှီးမှုလာယူတာ "

"သူကလား? "

"အွန်း … စစချင်းကျွန်တော်မျိုးလည်းတစ်မျိုးထင်သွားပေမယ့်
သူအတည်ကြီးပြောသွားတာဖြစ်နေတယ်
ကျွန်တော်မျိုးအပေါ်မှာထားခဲ့တဲ့အမုန်းတရားတွေက
သူ့ရဲ့ပျောက်ဆုံးသွားတဲ့မှတ်ဉာဏ်တွေနဲ့အတူပါသွားပြီမို့
ရင်းနှီးယူရအောင်တဲ့လေ ပြီးတော့ အစ်ကိုတော်နဲ့
မတွေ့ဖို့တားမြစ်ထားတဲ့အမိန့်ကိုလည်း ရုတ်သိမ်းပေးသွား
သေးတယ် ၊ ပြီးတော့ သူ့ကို မိဖုရားခေါင်ကြီးလို့မခေါ်ဘဲ
အစ်ကိုတော်ဟာအို ဆိုပြီးခေါ်ဖို့လည်းပြောသွားတယ် "

"……"

"ဘယ်လိုလဲ သူအရမ်းပြောင်းလဲသွားတယ်လို့မထင်ဘူးလား "

"……"

***********

ဝူဟွန်းနန်းဆောင်ကအပြန် ရယ်သံတွေကြားရတဲ့အသံလာရာ
ကိုကြည့်လိုက်တော့ ဟာအိုရဲ့နန်းဆောင်ဖြစ်လို့နေသည် ။

ဟန်နိုင်ငံရဲ့ အိမ်ရှေ့စံ အေးစက်စက်နဲ့လူက ဒီလိုမျိုးလည်း
ပြုံးရယ်တတ်တယ်လား ?

ခြံထဲတွင် ချွမ်းရွေ့နှင့်အတူစကားပြောရင်းရယ်နေသောဟာအို
သည် နေရောင်အောက်က ပန်းလေးနှယ်လန်းဆန်းလျက်
စကားပြောရင် ခြေဟန်လက်ဟန်တွေပါလာပြီး အသံထွက်
အောင် ရယ်နေတဲ့အပြင် ရယ်ရင်းနဲ့လည်း ချွမ်းရွေ့ကို
သွားသွားရိုက်နေသေးသည် ။ အနောက်ကအပျိုတော်များကလည်း
ဟာအိုလို အသံထွက်အောင်တော့မရယ်ပေမယ့် ပါးစပ်ကလေး
တွေအုပ်ပြီး ရယ်နေကြသည် ။

လူတစ်ယောက်က ရေထဲကျပြီးတာနဲ့အဲ့လောက်တောင်
ပြောင်းလဲသွားတာလား ။

The King and Me (binhao)U×Z(completed)Where stories live. Discover now