အပိုင်း (၄) U x Z

834 96 20
                                    

Unicode

ဟာအို ခန်းမဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ အမျိုးသမီးတပ်စုကြီး
ကြောင့် အနောက်ပင်လန်ကျမတတ်ဖြစ်သွားသည် ။
အားလုံးက သူ့ထက်ငါ အလှပဆုံးအတောက်ပြောင်ဆုံး
ဖြစ်အောင်ဝတ်ဆင်ထားကြပြီး ဆံထုံးက ဆံထိုးနှင့်
ပန်ထားသော ကလစ်များက ရွှေနှင့်ကျောက်များပေါပေါသီသီ
သုံးထားတာကြောင့် ဟာအိုရဲ့မျက်လုံးများက ပြာဝေမတတ်
ဖြစ်သွားရသည်။

ချွမ်းရွေ့ပြောတော့ သူတို့ဝတ်တဲ့အဝတ်အစားက ဆန်းတာတို့
အရောင်တောက်တာတို့ဖြစ်ရင်ကြိမ်ဒဏ်ပေးတယ်ဆို
ဒီနေ့ဘာလို့လူတိုင်းက တောက်ပြောင်နေအောင်ဝတ်ထား
ကြတာလဲ ...ဒါမှမဟုတ်ဒီထက်ပိုပြီး တောက်ပြောင်တဲ့
ဝတ်စုံတွေရှိကြသေးတာလား ။ မိဖုရားငယ်တွေ
ကိုယ်လုပ်တော်တွေ ဝတ်ထားတဲ့ အရောင်တွေကိုကြည့်ပြီး
ဟာအို သူ့ကိုယ်သူ သိမ်ငယ်သွားသလိုပင်ခံစားလိုက်ရသည်။

ထိုအချိန်တွင် ချွမ်းရွေ့ကသူ့အနားကပ်ကာ တီတိုးပြောလာခဲ့သည်
ကျွန်တော်မျိုးသူတို့အားလုံးကိုကြိမ်ဒဏ်ပေးလိုက်ရတော့မလားတဲ့။

ချွမ်းရွေ့ရဲ့စကားကို ဟာအိုဘာမှမတုံ့ပြန်မိပဲ
သူ့ရှေ့တွင်မြင်နေရသည့် ပုလ္လင်ပေါ်တွင်သာ ထိုင်လိုက်သည်။

ကဲ ကျန်းဟာအို ချွမ်းရွေ့ပြောတဲ့အတိုင်း မူလ ကျန်းဟောက်ရဲ့
အေးစက်စက်အငွေ့အသက်မျိုး ဖန်တီးလိုက်ရအောင်
OK မျက်နှာကို နည်းနည်းလောက်မော့ထားပြီး
လူတိုင်းကို အေးစက်စက်ကြည့်ပေးလိုက် ။

"မိဖုရားခေါင်ကြီးကို ကျွန်တော်မျိုးမတို့ ဂါရဝပြုပါတယ် "

အားလုံးတစ်ညီတည်းပြောဆိုကြပြီး ဦးညွတ်လိုက်ကြတာကြောင့်
ဟာအိုလန့်သွားရသည် ။

တိုးတိုးသာသာလုပ်ပါဟ မိဖုရားတွေဆိုပြီးတော့အသံက
ကျယ်လိုက်တာ ။

အခန်းထဲတွင် မိဖုရားအားလုံးက ရာထူးအလိုက်မတ်တပ်ရပ်နေ
ကြပြီး ကိုယ်လုပ်တော်တွေကတော့ သူတို့ရဲ့နောက်မှာအစဥ်လိုက်
မိဖုရားငယ်တွေနဲ့ ကိုယ်လုပ်တော်တွေအားလုံးပေါင်းလိုက်လျှင်
အယောက် ၃၀ နီးပါးလောက်ရှိသည် ။

The King and Me (binhao)U×Z(completed)Where stories live. Discover now