အပိုင်း (၁၇) UxZ

832 111 12
                                    

Unicode

ဟာအိုက သူလုပ်ပေးတဲ့ကြက်ဥလိပ်စားနေတဲ့ဟန်ဘင်းကို
မျှော်လင့်တကြီး ကြည့်လို့နေတယ် ။

"ဘယ်လိုနေလဲ အရသာရှိလား "

အခွံမပါရင်ပိုကောင်းမှာဘဲ ဆိုတဲ့စကားကို ဟန်ဘင်းရင်ထဲမှာသာ
သိမ်းထားလိုက်ပြီး ၊ဟာအိုကိုမော့ကြည့်ကာ

"လက်ရာက ကျွန်တော်သိတဲ့တစ်ယောက်နဲ့တူတယ် "

"ဟုတ်လား … အဲ့ဒီတစ်ယောက်က အခုဘယ်မှာလဲ "

"မတွေ့တာနှစ်ပေါင်းများစွာကြာပြီး ဆိုပေမယ့်
အခုတော့ပြန်တွေ့ပြီထင်တယ် "

"အို… တော်သေးတာပေါ့ ၊ စားပြီးရင် အပြင်ဘက်က
အခြေနေကို တစ်ချက်သွားကြည့်ပေးမယ် "

"ကျွန်တော့်ကိုနှင်ထုတ်ချင်နေပြီလား ၊ ကျွန်တော်နဲ့ရှိနေရတာ
သက်တောင့်သက်သာမဖြစ်လို့လား "

ဟာအိုက ဟန်ဘင်းကိုနှင်ထုတ်ချင်တာမဟုတ်ပေမယ့်
သက်တောင့်သက်သာဖြစ်မနေတာတော့အမှန်ပင်၊
သူ့ကိုကြည့်လာတဲ့ ဟန်ဘင်းရဲ့မျက်လုံးတွေကြောင့်လား
သူနဲ့စကားပြောတဲ့ပုံစံကြောင့်လားဆိုတာမသေချာပေမယ့်
ဟာအိုရင်ဘတ်ထဲမှာဝမ်းနည်းချင်သလိုလို ၊ငိုချင်လာသလိုလို
ခံစားရတာကြောင့်ပင်။

အမှန်ဆို ကိုယ့်ဘစိနဲ့တစ်အိမ်ထဲနေရတာ ပျော်နေရမှာလေ။

"အဲ့လိုမဟုတ်ပါဘူး ၊ ဒီအတိုင်းပဲ ဆောင်းဟန်ဘင်းက
အဆင်မပြေဖြစ်မှာစိတ်ပူလို့ပါ "

"အိမ်မှာတစ်ယောက်တည်းနေတာလား "

"အမေနဲ့နေတာ ၊ အမေက ဒေါ်လေးတို့အိမ်ကိုသွားတယ်"

ဟန်ဘင်းက ခေါင်းညိတ်ကာ
"ဒီညတော့ ဒီမှာပဲအိပ်လို့ရမလား "

"ဗျာ !!"

မဟုတ်ဘူးလေ အခုမှတွေ့ဖူးတဲ့လူအိမ်မှာ ဘာလို့အိပ်ချင်
နေရတာလဲ ၊ ငါက သူ့ကိုဒုက္ခပေးမယ့်လူဆို ဘယ်လိုလုပ်မှာလဲ၊
ဟန်ဘင်းကအစကတည်းက ဒီလိုအယုံလွယ်တဲ့သူလား ?

"အိပ်ခန်းကဘယ်မှာလဲ "

"ဗျာ!!"

ဟာအိုဘာမှပြန်မဖြေရသေးခင်မှာပင် ဟန်ဘင်းက
အပေါ်ထပ်ကိုတက်သွားနှင့်ပြီဖြစ်သည် ။

The King and Me (binhao)U×Z(completed)Where stories live. Discover now