Unicode
ပြိုင်ပွဲအားလုံးပြီးသွားတဲ့နောက် ဂွန်းဝုက ပြိုင်ပွဲတိုင်းမှာ
ပထမရလေသည်။ငါတို့ရဲ့ ဂွန်းဝုလေးကိုအနီးကပ်မြင်ချင်သေးတာကို
အခုက ပွဲပြီးပြီဆိုတော့ပြန်ရတော့မှာလား …"ချွမ်းရွေ့ စစ်သူကြီးပတ်နဲ့ စကားပြောလို့ရအောင်
ဘယ်လိုလုပ်ရမလဲ "စစ်သူကြီးပတ်ပြိုင်ပွဲဝင်နေတဲ့တစ်လျှောက်လုံး
တက်ကြွစွာကြည့်နေတဲ့အပြင် အခုစကားပါသွားပြော
တော့မည့်သူ့အရှင်ကြောင့် ချွမ်းရွေ့ သူ့အရှင်ဘာတွေ
တွေးနေမှန်းမတွေးတတ်တော့ပါ ။ မဟုတ်မှလွဲရော
စစ်သူကြီးနဲ့ပူးပေါင်းမလို့လား ?"ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တည်ကြည်လိုက်တာ
အခုလိုသံချပ်ကာတွေနဲ့ဆိုတော့ အရှိန်အဝါကသေလောက်တယ်
ချွမ်းရွေ့ စစ်သူကြီးမှာ ကြင်ယာတော်ရှိပြီလား ""မရှိပါဘူးအရှင် "
"တကယ်!!! ဘာလို့လဲ ဒီလောက်တည်ကြည်ခန့်ညားပြီး
ရဲစွမ်းသတ္တိနဲ့လည်းပြည့်စုံတဲ့သူက ဘာလို့ကြင်ယာတော်
မရှိသေးတာလဲ ""အဲ့တာတော့ကျွန်တော်မျိုးလည်း မသိပါဘူး "
"နှမြောဖို့ကောင်းလိုက်တာ "
လို့ပြောရင်း ဟာအိုက ချွမ်းရွေ့ကိုပြုံးရင်းကြည့်လိုက်သည်။စကားပြောရင်းနဲ့ရုတ်တရက်ထပြုံးတဲ့ အရှင့်အပြုံးက
ခါတိုင်းနဲ့မတူဘဲ ကြက်သီးထစရာကောင်းတယ်လို့ ချွမ်းရွေ့
ခံစားမိနေတယ် ။ ကျေးဇူးပြုပြီး ပြဿနာသွားရှာတာမျိုး
မလုပ်ပါနဲ့ ။ဟာအိုက ထိုင်နေရာက ချက်ချင်းထပြီး ချွမ်းရွေ့ပခုံးကို
နှစ်ချက်ပုတ်ကာ"စိတ်မပူနဲ့တော့ ငါ့ရဲ့ကိုယ်ရံတော်လေး ငါကိုယ်တော်က
မင်းကိုတစ်သက်လုံးတစ်ယောက်တည်းအထီးကျန်ကျန်
ဖြတ်သန်းသွားရတာမျိုး မဖြစ်စေရဘူး "ပြောပြီး ချွမ်းရွေ့ကို ခေါင်းနှစ်ချက်တောင်ညိတ်ပြသွားလိုက်
သေးတယ်။ပြီးတော့ ပြိုင်ပွဲမှန်သမျှအနိုင်ရလို့ အောင်ပွဲခံနေတဲ့စစ်သူကြီးပတ်
ရှိရာဆီကို ဤသို့လှမ်းအော်ပြောလိုက်တယ် ။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။