အပိုင်း (၂) U×Z

901 90 5
                                    

Unicode

"အင့်....."

အင့်ကနဲ အသံတစ်ချက်ထွက်လာပြီး လူကိုတစ်ဖက်လှိမ့်ကာ
ခေါင်းအုံးနှင့်မျက်နှာကိုထိ၍
ဖင်ထောင်ပြီးဆက်အိပ်နေသော လူကိုကြည့်၍ အားလုံးက
မျက်လုံးပြူးသွားကြသည် ။

ထိုထဲတွင်အဆိုးဆုံးက ကျန်းဟောက်၏ ကိုယ်ရံတော်ချွမ်ရွေ့ပင်။

"အရှင်မင်းကြီး မိဖုရားခေါင်ကြီးကိုကြည့်ရတာ အရမ်းအိပ်မောကျ
နေပုံပဲ ဒီအတိုင်းဆိုစိုးရိမ်စရာမရှိတော့ပါဘူး ဒီသမားတော်အိုကြီး
ကို ပြန်ခွင့်ပြုပါဦး "

ဟန်ဘင်းက ကုတင်ပေါ်က မသင့်လျော်တဲ့အနေအထားနဲ့
အိပ်မောကျနေတဲ့လူကိုကြည့်ပြီးနောက်
သုံးရက်ဆက်တိုက်မအိပ်မနေ
ကုသပေးခဲ့တဲ့ သမားတော်ကိုကြည့်ပြီး ခေါင်းညိတ်ပြကာ
ပြန်နားခွင့်ပြုလိုက်သည်။

"အဟမ်း !!! အပျိုတော်တွေအားလုံးထွက်သွားကြ "

ဟန်ဘင်း၏အမိန့်ပေးသံနောက်တွင်အပျိုတော်အားလုံး
လုပ်လက်စများကိုထားခဲ့ပြီး ထွက်သွားကြတော့သည်။

"ရှန်ချွမ်ရွေ့ မင်းသခင်ကအစတည်းက အဲ့လိုပဲ အိပ်နေကြလား"

"မဟုတ်ပါဘူး မင်းကြီး မိဖုရားခေါင်ကြီးက ပုံမှန်ဆို တည်ငြိမ်
ပြီး အိန္ဒြေကြီးမားတဲ့သူပါ အခုက နားလန်ထကာစမို့
ဖြစ်မှာပါ "

ထို့နောက်ကုတင်ပေါ်ကလူက အသံထွက်လာတော့သည် ။

"အမေ  ဆူညံလိုက်တာ ဒီနေ့အိမ်မှာဘာပွဲရှိလို့လဲ "

ဟာအို၏ အသံကကိုးရီးယားလိုရှင်းရှင်းလင်းလင်းကြီး
ထွက်ပေါ်လာပေမယ့် အခုအခန်းထဲမှာရှိတဲ့လူတွေအားလုံး
သိပ်နားမလည်သလိုခံစားလိုက်ရသည် ။

"သူပြောလိုက်တာ တရုတ်စကားလား ?"

"မဟုတ်ပါဘူး  တရုတ်မှာဒါမျိုးစကားမရှိပါဘူး
ကျွန်တော်မျိုးခန့်မှန်းရသလောက်ကိုးရီးယားစကားပဲဖြစ်ပါလိမ့်မယ်"

"ဒါဆိုဘာလို့ကိုယ်တော် နားမလည်ဘူးလို့ခံစားရတာလဲ "

"အဲ့  တာက  "

ဟန်ဘင်းရဲ့အမေးကို ဘယ်လိုဖြေရမလဲဆိုတာ ချွမ်းရွေ့လည်း
မစဥ်းစားတတ်တော့ ။

The King and Me (binhao)U×Z(completed)Where stories live. Discover now