အပိုင်း (၁၄) UxZ

847 107 12
                                    

Unicode

"ချွမ်းရွေ့ ကြည့်ပေးပါဦး ငါအဆင်ပြေရဲ့လား "

ဟန်ဘင်းနဲ့ကြာကန်မှာတွေ့ဖို့အတွက်ချိန်းထားတာကြောင့်
ဟာအိုက သူ့မှာရှိတဲ့ အဖြူရောင်တွေကြားထဲက
အလှဆုံးဝတ်စုံကိုဝတ်ထားပြီး အသပ်ရပ်ဆုံးဖြစ်အောင်ပြင်ဆင်
ထားတော့သည်။

"အဆင်ပြေတာထက်ကိုပိုပါတယ် ၊အရှင်က အမြဲတမ်း
တင့်တယ်နေတာမို့ စိတ်မပူလည်းရပါတယ် "

"ဟုတ်လား "

ချွမ်းရွေ့ရဲ့ချီးကျူးစကားကြောင့်ဟာအို ရီလိုက်မိပြီး

"ဒီအတိုင်းလက်ဗလာနဲ့သွားရမှာအဆင်မပြေသလိုပဲ ချွမ်းရွေ့
ငါတစ်ခုခုချက်သွားရင်ကောင်းမလား !"

တက်တက်ကြွကြွပြောလာတဲ့ဟာအိုအတွက် ပြန်ရလိုက်တာက
ချွမ်းရွေ့ရဲ့လက်ရောခြေရောခေါင်းပါခါနေတဲ့ငြင်းဆန်မှု.

"ဘာလို့လဲ! ဒိတ်နေတဲ့အချိန် ကြက်ဥလိပ်နဲ့ ရေညှိထမင်းလိပ်က
စားဖို့အတွက်အသင့်တော်ဆုံးကို ၊ မဟုတ်မှလွဲရော
ငါချက်တာတွေက စားမကောင်းလို့များလား "

အေးလေ သူချက်ထားတာသူမှမမြည်းကြည့်ဘဲ ကောင်းမကောင်း
ဘယ်သိမှာလဲ ဆိုတဲ့စကားကိုချွမ်းရွေ့စိတ်ထဲကနေသာ
တိတ်တိတ်လေးပြောလိုက်ပြီး အပြင်ဘက်တွင်တော့…

"မဟုတ်ပါဘူး အခုအရှင်က ခြေထောက်ကြာကြာမထောက်
နိုင်ဘူးမဟုတ်လား ဟင်းချက်လိုက်ရင်ဒဏ်ပိုဖြစ်သွားမှာ
စိုးရပါတယ် အဲ့တာကြောင့် ဒီအတိုင်းပဲ သွားတွေ့လိုက်ပါ
မင်းကြီးက အားလုံးကိုပြင်ဆင်ပြီးသား ဖြစ်မှာပါ "

"ဟုတ်သားပဲ "
"အဲ့တာနဲ့ ကြာကန်ကို ဘယ်လိုသွားမှာလဲ ? "

"မင်းကြီးက ဘီးတပ်ကုလားထိုင်တစ်ခုပို့ထားပါတယ် "

"တကယ် ! ဒီခေတ်မှာဒါမျိုးလည်းရှိတာလား Wow
အဆင့်မြင့်သားပဲ ချွမ်းရွေ့ အဲ့ဒီကုလားထိုင်ယူလာခဲ့
အခုပဲ "

ချွမ်းရွေ့က အထဲသွင်းလာဖို့အချက်ပြလိုက်တော့
အပျိုတော်တစ်ယောက်က သစ်သားဘီးတပ်ကုလားထိုင်တစ်ခု
ယူလာတော့သည် ။

The King and Me (binhao)U×Z(completed)Where stories live. Discover now