အပိုင်း (၁၅)UxZ

822 114 13
                                    

Unicode

"အရှင်မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လို့လဲ "

"ဟင် "

လက်ရှိကြာကန်ကိုရောက်နေတဲ့ဟာအိုက ဘုရင့်နန်းဆောင်ကနေ
ထွက်လာကတည်းက မျက်နှာမကောင်းတာကြောင့်
ချွမ်းရွေ့မေးလိုက်ခြင်းပင် ။

"မင်းကြီးက အနိုင်ကျင့်လိုက်လို့လား ?"

ချွမ်းရွေ့မေးခွန်းကို ဟာအိုလက်ရောခေါင်းရောခါကာတုန့်ပြန်
လိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး ဒီအတိုင်း တွေးစရာလေးရှိလို့
ကိုယ်တော့်ကို ခေါက်ထားတဲ့ ကြိုးကြာငှက်လေးတွေ
သွားယူပေးပါလား နန်းဆောင်မှာမေ့ခဲ့တယ် "

ကြိုးကြာငှက်လေးတွေက ဟာအို ဟန်နိုင်ငံကိုသွားဖို့ပြင်ဆင်နေတဲ့
အတောတွင်း တစ်ကောင်ခြင်းတိုင်းတွင် ဟာအိုရဲ့
ခံစားချက်တွေနဲ့ ဟန်ဘင်းကိုပြောချင်တဲ့စကားတွေကို
ထည့်သွင်းကာ ခေါက်ထားသည့် ငှက်ကလေးတွေပင်။
အစကတော့ ဟန်နိုင်ငံကိုထွက်သွားတဲ့အခါဟန်ဘင်းအတွက်
ချန်ထားဖို့ဆိုပေမယ့် အခုတော့ ချစ်သက်လက်ဆောင်
အဖြစ်ပေးလိုက်တော့မည် ။

"ဒီမှာတစ်ယောက်တည်းနေလို့အဆင်ပြေရဲ့လား "

"ပြေတယ် ဟိုမှာလည်းအပျိုတော်တွေရှိနေတာပဲ "

ဟာအိုစကားကြောင့် ခပ်လှမ်းလှမ်းမှာရှိတဲ့အပျိုတော်တွေကို
တစ်ချက်ကြည့်ပြီး ချွမ်းရွေ့နန်းဆောင်ဘက်ကို ဦးတည်
လိုက်တော့သည်။

အမှန်တော့ ဟာအို ဟန်ဘင်းနဲ့ နမ်းနေတဲ့အချိန်မှာ
အဆက်မပြတ်ကြားနေရတဲ့စကားသံတွေကြောင့်
ဟန်ဘင်းကိုတွန်းကာ ကြာကန်မှာစောင့်နေမယ် ဟုပြော၍
ထွက်လာခြင်းပင် ။နားထဲမှာဆက်တိုက်ကြားနေရတဲ့
'ကိုယ်တော့်ခန္ဓာကိုယ်ကိုပြန်ပေး '
'ကိုယ်တော့်ခန္ဓာကိုယ်ကိုယူပြီး အရှင်မင်းမြတ်ကိုပါလုတော့
မလို့လား'
'မင်းက ဒီကမဟုတ်လို့ထွက်သွား '
'သတ္တိရှိရင် အရှင်မင်းမြတ်နဲ့အိပ်ဆောင်ထဲဝင်ရဲရင်ဝင်ကြည့်လိုက် '
စတဲ့စကားတွေပင် ။

"ခုနကစကားတွေတောက်လျှောက်ပြောနေပြီးတော့
အခုမှမျက်နှာမပြရဲတော့ဘူးလား
ဘယ်သူလဲ အခုဒီမှာ ငါတစ်ယောက်တည်းရှိတယ်
ခိုးကြောင်ခိုးဝှက်မလုပ်ဘဲနဲ့ မျက်စိရှေ့ကိုထွက်လာခဲ့!! "

The King and Me (binhao)U×Z(completed)Where stories live. Discover now