Unicode
"မဖြစ်ဘူး !!!!"
မဖြစ်ဘူးလို့အော်ရင်း လန့်နိုးလာတဲ့ ကျန်းဟာအိုက
ကုတင်ပေါ်ကနေ အလန့်တကြားနိုးလာသည်။"တော်သေးတယ် အိမ်မက်ဖြစ်နေလို့ "
"ဘာလို့လဲ အိမ်မက်ဆိုးမက်လို့လား "
"အမေ့!!! လန့်လိုက်တာ!!! "
အိမ်မက်ဆိုးမက်တာထက် သူ့ကုတင်ပေါ်က အသံထွက်လာတာကြောင့်ဟာအိုအလန့်တကြားအော်လိုက်မိတော့သည် ။
ဟာအိုက အလန့်တကြားအော်လိုက်တာကြောင့် အခုလေးတင်
အိပ်ရတဲ့ဟန်ဘင်းက အိပ်ချင်မူးတူးနှင့်ထထိုင်ရတော့သည်။
"မင်းကြီးက ဘာလို့ …
ကျွန်တော်မျိုးကုတင်ပေါ်ရောက်နေရတာပါလဲ""သေသေချာချာကြည့်ပါဦး ဘယ်သူ့အခန်းလဲဆိုတာ "
ဟန်ဘင်းရဲ့စကားကြောင့် ဟာအို ဘေးဘီဝဲယာကိုကြည့်ပြီး
စောင်ကိုရင်ဘတ်ထိဆွဲတင်လိုက်တော့သည်။"ဒါဆို ကျွန်တော်မျိုးက ဘာလို့ ဒီပေါ်ကိုရောက်နေရတာလဲ
သေချာပေါက် မင်သွေးနေတာကို "မိုးတောင်ကောင်းကောင်းမလင်းသေးတဲ့အချိန်ထရစ်နေတဲ့ဟာအိုကြောင့် ဟန်ဘင်းလည်းထထိုင်လိုက်ပြီး ဟာအိုရဲ့ ဘေးတစ်ဖက်
တစ်ချက်စီကို လက်နှစ်ဖက်ထောက်လိုက်တော့ ဟာအိုနဲ့
မျက်နှာချင်းဆိုင်ကိုမှနီးနီးကပ်ကပ်လေးဖြစ်သွားပြီး
ဟန်ဘင်းကရှေ့ကိုနည်းနည်းထပ်တိုးလိုက်တာနဲ့ ဟာအိုက ခေါင်းအုံးပေါ်ကိုလန်ကျသွားတော့သည်။ အဲ့ဒီနောက်ဟန်ဘင်း
လည်း လက်နှစ်ဖက်ကို ဟာအိုရဲ့ ပခုံးဘေးတစ်ဖက်တစ်ချက်စီမှာ
ထောက်လိုက်တော့ ဟာအိုက စောင်ကိုတင်းတင်းဆုပ်ကာ
မျက်လုံးအတင်းမှိတ်ထားလိုက်တော့သည်။ဟာအိုက မျက်လုံးမှိတ်ထားပေမယ့် ဟန်ဘင်းကသူ့အနားကိုကပ်
လာခြင်းကို ဟာအိုရဲ့မျက်နှာနားမှာဖြတ်ပြေးနေတဲ့
ဟန်ဘင်းရဲ့ဝင်လေထွက်လေကအသိပေးနေပြီး
ဒီလိုနဲ့ဟာအိုတစ်ယောက်
အသက်ပါအောင့်ထားမိတော့သည်။ဟာအိုရဲ့အဖြစ်အပျက်ကိုသတိထားမိသွားသည့်အလား
ဟန်ဘင်းက ဟာအိုရဲ့မျက်နှာနားကပ်ပြီးကာမှ အသံထွက်ရုံ
လေးသာရယ်လိုက်တာကြောင့် ဟာအိုတစ်ယောက်
သွေးကြောတွေပြောင်းပြန်စီးသွားသလိုခံစားလိုက်ရတော့သည်။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။