"ကိုယ့်ကိုဘယ်သူလဲလို့မေးနေတယ်မလား
ဖြေလိုက်ဦးလေ ~မောင်ရဲ့ ~ "ဟာအိုက ဟန်ဘင်းလည်ပင်းကိုသိုင်းဖက်ထား
ပြီးဟန်ဘင်းကိုမကြည့်ဘဲ ဆူဟွားကိုကြည့်နေတာကြောင့်
ဟန်ဘင်းမြင်နေရတာက ဟာအိုရဲ့လည်တိုင်ဖွေးဖွေးသာ။
ခေါ်လိုက်တာကလည်း "မောင်~"တဲ့မျက်နှာမှာလည်း ဆောင်းဟန်ဘင်းက ငါ့အပိုင်ဆိုတဲ့စာတန်း
ချိတ်ထားတဲ့ပုံနဲ့ ပြောဆိုနေတဲ့ဟာအိုကိုကြည့်ပြီး
ဟန်ဘင့်မှာအသည်းတယားယားဖြစ်လာရတော့သည်။မြင်နေရတဲ့ လည်တိုင်ဖွေးဖွေးပေါ်အနီရောင်အမှတ်ကလေး
တွေချန်ထားလိုက်ရင်တော့ မကောင်းရှိတော့မယ်။
ကဲပါ အပြင်လူကိုအရင်ပထုတ်ပြီးမှ လုပ်စရာရှိတာလုပ်တာ
ပေါ့ ။"ဒါက ကျွန်တော့်ချစ်သူပါ မကြာခင်လက်ထပ်တော့မှာ "
ဟန်ဘင်းက ဖြေလိုက်တော့ ဆူဟွားက အံ့သြ
သွားပြီး ၊ ကျန်းဟာအိုကတော့ "တွေ့လား "
ဆိုတဲ့ မျက်နှာမျိုးဖြစ်သွားသည် ။"ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ ?"
ဟန်ဘင်းက မေးလိုက်တော့မှပဲ ကျန်းဟာအိုရဲ့အကြည့်တွေက
ဟန်ဘင်းဆီကိုရောက်လာတော့သည်။"ချွမ်းရွေ့နဲ့ ထယ်ရယ်ကလိုက်ပို့ပေးတာ ၊ ချွမ်းရွေ့က ဂွန်းဝုကို
သွားကြိုဖို့ဆိုပြီးပြန်သွားတယ် ထယ်ရယ်ကတော့
ဘယ်ထွက်သွားမှန်းမသိဘူး ""ချိုင့်ထဲက ဘာတွေလဲ "
"အာ....အဲ့တာ အမေချက်ထားတာတွေထည့်ခဲ့တာ
ဗိုက်ဆာနေမှာစိုးလို့ ""ဒါဆိုအတော်ပဲ မောင်လည်းဗိုက်ဆာနေတာ "
ဟန်ဘင်းက သူ့ကိုယ်သူ 'မောင်'လို့ သုံးလိုက်တာကြောင့်
ဟာအိုရဲ့မျက်လုံးလေးတွေဝိုင်းစက်သွားရသည်။ငါ…ငါက ရှေ့က မိန်းကလေးကို နိုင်လိုဇောနဲ့ 'မောင်'လို့
ခေါ်လိုက်တာလေ ။ ဘာလို့ ဟန်ဘင်းကပါ သူ့ကိုယ်သူ
မောင်လို့ သုံးနေရတာလဲ ။ လူကိုရင်ခုန်အောင်လို့ ။"မောင့်ကိုခွံ့ကျွေးမယ်မလားဟင် "
ဟန်ဘင်းက 'မောင် 'လို့ သူ့ကိုယ်သူထပ်သုံးလိုက်တာ
ကြောင့် ဟာအိုအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး
မျက်နှာကိုတော့ ဟန်ဘင့် ရင်ခွင်ထဲသာ ဖွက်ထားလိုက်
တော့သည်။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။