အပိုင်း (၁၁) UxZ

863 104 10
                                    

Unicode

"ခြေထောက်က အရမ်းနာနေလား "

ဟန်ဘင်းရဲ့အမေးကို ဟာအိုက ခေါင်းညိတ်ပြလိုက်သည်။

"အထိန်းတော်ကင် တော်ဝင်သမားတော်ကို မိဖုရားခေါင်ကြီး
နန်းဆောင်ဆီလာခဲ့ခိုင်းလိုက်ပါ "

"ဟုတ်ကဲ့ပါ မင်းကြီး "

"နန်းဆောင်ကိုပြန်ရအောင် "

"ဒါပေမယ့် ခြေထောက်က "

"ကျွန်တော်မျိုး ပို့ပေးပါ့မယ် "
ဟန်ဘင်းရောက်လာကတည်းက တိတ်နေတဲ့ဂွန်းဝုက
ဝင်ပြောလိုက်သည်။

"စစ်သူကြီးပတ်က ပြန်တော့ မိဖုရားခေါင်ရဲ့ကိစ္စကို
ကိုယ်တော်အဆင်ပြေသလိုလုပ်လိုက်မယ် "
ဆိုကာ ဟာအိုကိုပွေ့ချီဖို့ပြင်လိုက်တာကြောင့်
ဂွန်းဝုက ဟန်ဘင်းရဲ့လက်ကိုဆွဲတားလိုက်ပြီး…

"နဂါးဝတ်ရုံကြီးနဲ့မသင့်တော်ပါဘူးမင်းကြီး
ကျွန်တော်မျိုးကူပါရစေ "

ဂွန်းဝုရဲ့မသင့်တော်ဘူးဆိုတဲ့စကားကြောင့် ဟန်ဘင်း
ဂွန်းဝုဆီကိုအေးစက်စက်အကြည့်တစ်ချက်ပို့လိုက်ပြီး
ပြန်ပြောလိုက်သည်က

"နဂါးဝတ်ရုံ ဝတ်ထားလို့ ကိုယ့်မိဖုရားကိုယ်တောင်ပွေ့ချီခွင့်
မရဘူးဆို ကိုယ်တော်ဒီဝတ်ရုံကိုချွတ်ပစ်ရလိမ့်မယ် "

ဟုပြောကာ ဟာအိုကို ချီမပြီး ထွက်သွားတော့သည်။

ကျန်ရစ်ခဲ့တဲ့တတိယလူကတော့ လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်လျှက်…

"မင်းကြီး ~"

စိတ်တိုနေပုံရတဲ့ ဟန်ဘင်းကြောင့် ဟာအိုအသံကိုအတတ်နိုင်ဆုံးလျှော့ကာ တိုးတိုးလေးခေါ်လိုက်သည်။

"ဟန်ဘင်းလို့ခေါ် "

"ဟင်!!!"

"နှစ်ယောက်တည်း ရှိတဲ့အချိန်ဆို ဟန်ဘင်းလို့ပဲခေါ်လို့ရတယ်
ကိုယ်တော်ခွင့်ပြုတယ် "

ဟန်ဘင်းရဲ့စကားကြောင့် ဟာအိုဟန်ဘင်းရဲ့မျက်နှာကိုမော့
ကြည့်လိုက်မိသည် ။

ဆောင်းဟန်ဘင်းက သိပ်ကြည့်ကောင်းတာပဲ ။ ဒီပုံစံအတိုင်းဆို
ငါတော့ ဟန်နိုင်ငံကို မပြန်ဖြစ်ဘဲနေလိမ့်မယ် ။

The King and Me (binhao)U×Z(completed)Where stories live. Discover now