Unicode
ရင်ခွင်ထဲတွင်အိပ်မောကျနေတဲ့ ဟာအိုကိုကြည့်ပြီး ဟန်ဘင်း
ဖွဖွလေးပြုံးကာ ဟာအိုနဖူးလေးပေါ်ကိုအနမ်းတစ်ပွင့်
သက်ဆင်းစေလိုက်သည် ။ချစ်တယ်ကျန်းဟာအို ~
ကျေးဇူးပြုပြီးဘယ်ကိုမှထပ်ထွက်မသွားပါနဲ့တော့ ~အမှန်တော့ လူဝင်စားဆိုတာ ဟာအိုစိတ်ချမ်းသာအောင်
ဟန်ဘင်းက လွယ်လွယ်ပြောလိုက်ခြင်းပင် ။
ဟန်ဘင်းက လူဝင်စားဆိုတာထက် အစီရင်တစ်ခုနဲ့
ဟာအိုနောက်ကိုလိုက်ခဲ့ခြင်းပင် ။ အစီရင်~ နှလုံးသားမဲ့အစီရင်
ဒီအစီရင်ကို လုပ်တဲ့အခါ နှလုံးသားကိုအရှင်လတ်လတ်
ထုတ်ပြီး စီရင်ရခြင်းပင် ။ ထိုအစီရင်ကိုပြုလုပ်ပြီး
ဘဝပေါင်းများစွာဖြတ်သန်းရာတွင် သူတို့ရည်ရွယ်ထားသူကို
မတွေ့မချင်းအစီရင်ပြုလုပ်ထားသူ၏နှလုံးသည်လှုပ်ရှား
လိမ့်မည်မဟုတ် ။
မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ခွင့်မရှိဘဲ
ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းကာကုန်ဆုံးရပေမည်။
ထို့အပြင်ဘဝဟောင်းက မှတ်ဥာဏ်ကိုလည်းဘဝဆက်တိုင်း
သယ်ဆောင်သွားရပေမည် ။ သူတို့ရည်ရွယ်ထားတဲ့သူကို
ပြန်တွေ့မှသာ အစီရင်ကပယ်ဖျက်ပြီးသားဖြစ်သွား၍
အစီရင်ပြုလုပ်သူ၏နှလုံးကပြန်လည်အသက်ဝင်လှုပ်ရှား
လာလိမ့်မည်။ဟာအိုနဲ့မတွေ့ခင်က တစ်ချို့ဘဝတွေဆို နှလုံးမခုန်၍
သေပြီအထင်နဲ့စွန့်ပစ်ကြသူများရှိသလို ၊ တစ်ချို့ဆို
ဟန်ဘင်းအားမကောင်းဆိုးဝါးဝင်နေသည်ဟု ထင်ကာ
စွန့်ပစ်ကြသည် ။ သို့သော်ဟန်ဘင်းက ထိုအရာတွေကိုနည်းနည်းမှ
မမှုပါ ။ ရှင်ဘုရင်ဖြစ်ခဲ့စဥ်ကမှတ်ဥာဏ်တွေရှိခဲ့တာကြောင့်
ဘယ်ဘဝကိုပဲရောက်ရောက်သူများထက်နှာတစ်ဖျားသာ
ပြီးသာပင် ။ သူ့အတွက်အရေးကြီးဆုံးက သူ့မိဖုခေါင်းကြီးကို
ရှာဖို့ပင် ။ ဘဝပေါင်းများစွာကြိုးစားပြီနောက် ယခုဘဝတွင်
ကျန်းဟာအိုနှင့်ပြန်တွေ့ရပြီဖြစ်၍ဟန်ဘင်းအလွန်ပျော်ပါသည်။ကိုယ်တော့်ဟာအိုလေးနဲ့ပြန်တွေ့ရပြီပဲ ရင်းနှီးခဲ့ရတဲ့
ဘဝပေါင်း ၂၀၀လောက်က မပြောပလောက်ပါဘူး ။"မင်းကြီး ~ "
"အင်း ကိုယ်တော်ရှိတယ် "
ဟန်ဘင်းကိုတစ်ချက်ခေါ်ကြည့်ပြီး ဟန်ဘင်းကအသံပြန်ပေး
လိုက်တဲ့အခါဟာအိုက ဟန်ဘင်းရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာ
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။