Unicode
"နှစ်ယောက်ကတူတူလာကြတာပဲ "
ဘစိကငါ့ကို လူထူးဆန်းလို့ထင်တော့မှာပဲ ။
အဲ့တာကြောင့် ငါ့ကိုထူးထူးဆန်းဆန်းကြည့်နေတာ
အခုချိန်ထိကြည့်နေတုန်းပဲ ။
ရှက်ဖို့ကောင်းလိုက်တာ !"သန့်စင်ခန်းမှာတွေ့လို့ တူတူလာခဲ့လိုက်တာ "
ဟာအိုက ဖြေရင်းနဲ့ ဒါရိုက်တာအခန်းထဲမှာရှိတဲ့ တခြား
မန်ဘာတွေကိုပါဝေ့ဝိုက်ကြည့်လိုက်တော့ အကုန်လုံးက
သူ့ကိုဦးတစ်ချက်ညွတ်ပြီးပြုံးပြတော့ ဟာအိုလည်းမနေသာ
တော့ဘဲ ဦးညွတ်ပြီး"အာ … မင်္ဂလာပါ ကျန်းဟာအိုလို့ခေါ်ပါတယ် "
ဟာအိုက မိတ်ဆက်ရင်းနဲ့ ဟန်ဘင်းကိုတစ်ချက်ခိုးကြည့်လိုက်
တော့ သူ့ကိုမျက်တောင်မခတ်ဘဲ ကြည့်နေတဲ့ဟန်ဘင်းကို
တွေ့လိုက်ရတာကြောင့် အကြည့်တွေကိုကမန်းကတမ်းလွှဲ
လိုက်ရတော့သည်။"ကျွန်တော်တို့က zb1ပါ သိတယ်မဟုတ်လား "
"သိတာပေါ့ သိတာပေါ့ အခုခေတ်မှာ zb1မသိတဲ့လူ
ဘယ်မှာရှိလို့လဲ "ပုံမှန်အခြေနေနဲ့ဆိုဟာအိုက big fanဖြစ်ကြောင်းပါ
အားရပါးရပြောမှာဖြစ်ပေမယ့် ဟန်ဘင်းနဲ့ စတွေ့တဲ့
သန့်စင်ခန်းထဲက အဖြစ်အပျက်ကိုတွေးမိပြီး
မျက်နှာပူတာကြောင့် သူက zeroesတစ်ယောက်ဖြစ်
ကြောင်းကိုမပြောမိတော့။ကျောင်းကိုmask ကပ်လာတဲ့လူထူးလူဆန်းမျိုးကို
ဘယ်သူကမှfanတော်ချင်မှာမဟုတ်။ဟာအိုရဲ့အဖြေကြောင့် မန်ဘာတွေအကုန်လုံးကပြုံးကုန်ကြပြီး
ဒီနေ့ အဆင်ပြေပြေပူးပေါင်းဆောင်ရွက်ကြရန် ပြောဆိုကြ
ပြီး အစီစဥ်ကိုညှိနှိုင်းတိုင်ပင်ကြတော့သည်။အစီစဥ်ထဲတွင် ဟန်ဘင်းတို့ကပထမနှစ်တွေအတွက်
အားပေးစကားပြောရန်နှင့် သီချင်းတစ်ပုဒ်ဖြင့်ဖျော်ဖြေပေးရန်
အပြင် gamesအစီအစဥ်လေးများလည်းပါဝင်သည်။ထို့နောက်ပွဲစကာ အိုင်ဒေါနှင့် MC တက်ညီလက်ညီဆောင်ရွက်
ကြသည့်အတွက် လာရောက်ကြသူများမှာ ပွဲအစမှ
အဆုံးထိကြည့်ရှုပြီးမှပြန်သွားကြတော့သည်။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။