Unicode
သူ့အရှင်မှာထားတဲ့အတိုင်း ချွမ်းရွေ့က အချိန်အများကြီးဆွဲ
ပြီးတာနဲ့ ရုတ်တရက်ဓားကိုလွှတ်ချကာ
'ငါရှုံးပြီ'လို့ ပြောပြီး အရှုံးပေးလိုက်တော့သည်
ပွဲကြည့်သူများမှာလဲ ကြည့်နေရင်းရင်းတန်းလန်း နဲ့
အနိုင်အရှုံးကိုတောင်မခန့်မှန်းနိုင်လောက်အောင်
ကြည့်ကောင်းလှသည့်ပွဲမှာ မိဖုရားခေါင်ရဲ့ကိုယ်ရံတော်က
ဓားလွှတ်ကျသွားရုံနှင့် ရှုံးသွားသည်ဟု ဝန်ခံလာတာကြောင့်
ပြိုင်ပွဲရလဒ်ကိုမကျေမနပ်ဖြစ်နေကြတော့သည်။"တမင်သက်သက်လုပ်လိုက်တာမဟုတ်လား "
"ပြိုင်ပွဲမှာ တမင်အရှုံးခံတယ်ဆိုတာရှိလို့လား "
တမင်အရှုံးခံတာဘယ်ဟုတ်မလဲ
အမိန့်ကြောင့်အရှုံးခံလိုက်တာ ။
သူ့အရှင်ကရှုံးအောင်တိုက်ဖို့မှာထားတယ် ။
ဒီကိစ္စနဲ့ပတ်သတ်ပြီးချွမ်းရွေ့က
သိပ်မကျေနပ်ပေမယ့် အရှင့်စကားမို့
သူမလွန်ဆန်ချင်ပါပေ။ချွမ်းရွေ့ပြောလာသောစကားကို ဂွန်းဝုသိပ်မကျေနပ်ပေမယ့်
လက်ခံလိုက်သည် ။ အမှန်တော့ ချွမ်းရွေ့သာအမှန်တကယ်
တိုက်မည်ဆိုလျှင် ရှေ့က ပြိုင်ပွဲများစွာယှဥ်ပြိုင်ခဲ့ရသော
သူက ရှုံးသွားနိုင်သော်လည်း စတိုက်တာနဲ့သူ့ကို သက်သက်
အချိန်ဆွဲနေမှန်းသတိထားမိပြီး အနိုင်ရလိုတဲ့ရည်ရွယ်ချက်ကြောင့်
တမင်အချိန်ဆွဲနေတာလို့တွက်လိုက်ပေမယ့် ဂွန်းဝုရဲ့
အတွေးက တက်တက်စင်အောင်လွဲတော့သည်။"နောက်တစ်ခါဆို စစ်သူကြီးပတ်ကို ပါဝင်ယှဥ်ပြိုင်ခွင့်
တားမြစ်ထားမှနဲ့တူတယ် စစ်သူကြီးကြောင့် တခြားစစ်သည်တော်
တွေ ပထမဆုကို မမျှော်မှန်းရဲတော့ဘူး ""ကျွန်တော်မျိုးလည်းအဲ့လိုတွေးထားပါတယ်မင်းကြီး "
နွေးထွေးတဲ့လေထုကိုကြည့်ပြီးတော့ ဟာအိုက ချွမ်းရွေ့ကိုတိုးတိုးလေးမေးလိုက်သည်။
"ချွမ်းရွေ့ သူတို့နှစ်ယောက်က ရင်းနှီးတယ်နဲ့တူတယ် "
"ရင်းနှီးပါတယ် အရှင် ၊ မင်းကြီးနဲ့ စစ်သူကြီးက ညီအစ်ကို
တွေပါ မင်းကြီးက မိဖုရားခေါင်က မွေးပြီး ၊ စစ်သူကြီးပတ်
ကိုတော့ မိဖုရားအငယ်က မွေးထားတာပါ "
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။