အပိုင်း (၁၂) UxZ

835 109 9
                                    

Unicode

ယနေ့က ခုနှစ်ရက်မြောက်သည့်နေ့ပင်

ဟာအိုသစ်ပင်ပေါ်ကကျပြီးတဲ့နေ့ကစလို့ အခုချိန်ထိ
ဟန်ဘင်းနဲ့မတွေ့ဖြစ်သေး ။

"အေးလေ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ငါကစမှဖြစ်တာ
ဆိုတော့လည်း ခြေထောက်နာနေလို့သွားမတွေ့နိုင်တော့လည်း
ခံပေါ့ မင်းကအားယားပြီး အပင်ပေါ်သွားတက်တာကို "

ဟာအိုတစ်ယောက်မနက်စောစောစီးစီးပွစိပွစိပြောနေသည်။

ခြေထောက်ကနာနေတာကြောင့် ကုတင်ပေါ်ကနေ မှန်တင်ခုံ
ရှိရာဆီကိုခက်ခက်ခဲခဲ သွားပြီး အပျိုတော်တွေကိုခေါ်ကာ
အဝတ်လဲခိုင်းပြီး ခုံပေါ်ထိုင်ကာဆံပင်ဖြီးခိုင်းထားသည်။

ဒီနေ့တော့သူ ဟန်ဘင်းဆီကိုရောက်အောင်သွားမယ်
လမ်းလျှောက်မနိုင်ရင် တရွတ်တိုက်ပြီး သွားမယ် ...

ဒီည သူတို့ဒီဂိုယောင်းကထွက်သွားဖို့စီစဥ်ထားတာ
ဘာလို့လဲဆိုတော့ ဒီနေ့က သူတို့ဂိုယောင်းရဲ့မီးပုံးပွဲတော်နေ့
ဂိုယောင်းမှာရှိတဲ့ လူတွေအားလုံး မီးပုံးတွေနဲ့အလုပ်ရှုပ်နေကြမှာ
နန်းတော်ကလူတွေရောပေါ့ အဲ့တာကိုအခွင့်ကောင်းယူပြီး
သူနဲ့ချွမ်းရွေ့က နန်းတော်ကနေထွက်သွားဖို့ပြင်ဆင်ထားတယ်။

"ဂျန်မီ အကယ်၍ ကိုယ်တော်ဒီနန်းတော်ထဲမှာမရှိတဲ့တစ်နေ့
တခြားနန်းဆောင်ကိုသွားပြီးအလုပ်လုပ်ရတော့မယ်
ဆိုရင် သူများတွေအနိုင်ကျင့်တာမခံပါနဲ့ မင်းက
အနေအေးလွန်းတော့ တခြားသူတွေကအနိုင်ကျင့်လိမ့်မယ် ၊
ပြီးတော့ တခြားသူတွေကိုလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်
ဖို့ ပြောပေးပါ "

"အဲ့တာဘာစကားလဲ "

"အမေ့ ! လန့်လိုက်တာ "
ဂျန်မီဆိုတဲ့ကောင်မလေးက ဟာအိုကိုဆံပင်ဖြီးပေးနေကြ
အပျိုတော်လေးပင် ။ ဒီနန်းဆောင်ကအပျိုတော်တွေအားလုံး
ဟာအိုကိုဂရုစိုက်ကြသူတွေချည်းသာ။ဒါကြောင့်မို့ ဟာအိုက
ထွက်မသွားခင်လေးနှုတ်ဆက်စကားပြောချင်ခဲ့တာဖြစ်လို့
ပြောနေတဲ့အချိန် 'အဲ့တာဘာစကားလဲ 'ဆိုပြီး ယောကျာ်းသံ
ကြီးထွက်လာတဲ့အပြင် ဟာအိုရဲ့ခန္ဓာကိုယ်က ဆွဲလှည့်ခံလိုက်
ရပြီး တဆက်တည်း ဘီးကိုင်ထားတဲ့ ဟန်ဘင်းကိုတွေ့လိုက်ရခြင်းကြောင့် ဟာအိုလန့်ဖျန့်ပြီးအော်မိသွားခြင်းပင်။

The King and Me (binhao)U×Z(completed)Where stories live. Discover now