Unicode
"အမတ်ကြီိးတို့ကိုကတိပေးထားတဲ့အတိုင်း ကိုယ်တော်ဒီနေ့မှာ
မိဖုရားခေါင်ကြီးကို ရာထူးလျှော့ချပါမယ် ၊
အထိန်းတော်ကင် အခုချက်ချင်း မိဖုရားခေါင်နန်းဆောင်ကို
သွားပြီး အမိန့်စာပြန်ချေ "ဟန်ဘင်းက မိန့်လိုက်တာနဲ့ ထယ်ရယ်က ချက်ချင်းလာပြီး
အမိန့်နာခံဖို့ဒူးထောက်တယ်"မိဖုရားခေါင်ကြီးသည် ကြာကန်ထဲပြုတ်ကျရာက
မှတ်ဉာဏ်တစ်ချို့ကိုဆုံးရှုံးသွားသောကြောင့်
မိဖုရား ဂုဏ်ပုဒ်နှင့်မထိုက်တန် ထို့အပြင် တိုင်းပြည်ကို
သိမ်းပိုက်ခဲ့ကြောင်းကိုပြန်လည်ထုတ်ဖော်ပြောကြားမိ၍
တိုင်းပြည်မိခင်ဖြစ်ဖို့မထိုက်တန်သည့်အတွက်
မိဖုရားခေါင်းအား တော်ဝင်ကြင်ယာတော်အဖြစ်သို့
ရာထူးလျှော့ချစေ ""အမိန့်တော်ကိုအခုချက်ချင်းပြန်ကြားလိုက်ပါမယ် "
ထို့နောက်ထယ်ရယ်ကအမိန့်စာကိုကိုင်ကာထွက်သွားတော့သည်။
"ကျေးဇူးကြီးမြတ်လှပါပေတယ်မင်းကြီး "
မိဖုရားခေါင်ကနေ ကြင်ယာတော်အဆင့်ထိလျှော့လိုက်တာကြောင့်
အမတ်တော်တော်များများက ကျေနပ်သွားကြပြီး
ကျေးဇူးကြီးမားလှကြောင်းကို ဒူးထောက်ကာသံပြိုင်အော်ကြ
တော့သည်။"ကိုယ်တော့်ရဲ့တိုင်းပြည်မှာဒီလိုအမှန်တရားကိုချစ်မြတ်နိုးပြီး
တိုင်းပြည်အတွက်တွေးပေးတဲ့အမတ်တွေရှိလို့
အရမ်းဝမ်းမြောက်မိပါတယ် "ဟန်ဘင်းက စကားထောက်လိုက်တော့ အမတ်ချုပ်ကြီးက
မိမိဂွင်ထဲဝင်လာပြီအထင်နှင့် မိဖုရားခေါင်အသစ်တင်မြှောက်ရန်
လျှောက်လဲတော့သည်။ဒါမှသာ သူ့သမီးဆူဘင်းမိဖုရားက
မိဖုရားခေါင်ကြီးဖြစ်မှာမဟုတ်လား ။"မင်းကြီး တိုင်းပြည်ရဲ့ မိဖုရားခေါင်နေရာက အကြာကြီးလစ်လပ်
နေလို့မဖြစ်ပါဘူး မိဖုရားငယ်တွေထဲက တစ်ဦးဦးကို
ရွေးချယ်ပြီးတင်မြှောက်ရပါမယ် မင်ကြီး "အမတ်ချုပ်ကြီးရဲ့အကြံဉာဏ်ကိုထောက်ခံသည့်အလား
အခြားအမတ်များက ခေါင်းတညိတ်ညိတ်နှင့်ထောက်ခံကြ
တော့သည်။
အမှန်တော့ ဟန်ဘင်းရဲ့ မိဖုရားငယ်ထဲတွင် အမတ်ချုပ်ကြီး
သမီးအပါအဝင် ၊ တခြားရာထူးမြင့်အမတ်တွေရဲ့သမီးများလည်း
ပါဝင်သည် ။
YOU ARE READING
The King and Me (binhao)U×Z(completed)
Fanfictionလူနှစ်ဦးအဆုံးထိလက်တွဲသွားဖို့ဆိုတာ တစ်ယောက်ကိုတစ် ယောက်ချစ်နေဖို့ပဲလိုပါတယ် ။ တကယ်ချစ်တဲ့သူတွေကို ဘယ်အရာကမှခွဲထားလို့မရပါဘူး သေခြင်းတရား အပါအဝင်ပေါ့ ။