Part - 7

609 70 19
                                    

အစ်ကိုမက်သရူးကို မြင်ကတည်းက တန်းပြီး ခင်မိတယ်။ အစ်ကိုက ဖော်ရွေတဲ့ အပြုံးနဲ့ နွေးထွေးမယ့်ပုံပင်။ အစ်ကို့ဆီက အစ်ကို ဟန်ဘင်း အကြောင်းကြားတော့ ဂွန်ဝု သက်ပျင်းချလိုက်မိတယ်။ တကယ်ဆို သူ ကြိုမသိခဲ့တာ မဟုတ်ပါ။ အစ်ကိုဟန်ဘင်းနဲ့ သူက ငယ်ငယ်ကတည်းကပင် သိခဲ့ကြတာ။ အစ်ကိုဟန်ဘင်းက သူ့ကိုဆို တကယ့်ညီအရင်းလေးလို ချစ်ပေးခဲ့တာ။ အခုလည်း အစ်ကိုမက်သရူးအတွက် အတွင်းရေးမှူးကို အစ်ကိုဟန်ဘင်းက တဖက်လှည့်နဲ့ ထောက်ခံပေးခဲ့တာ။ ဖွားဖွားက အိမ်ခွဲနေမယ့် အစ်ကိုဟန်ဘင်း အကြံကြောင့် အစ်ကိုမက်သရူးဘက်က လူလိုတာကို အစ်ကိုဟန်ဘင်းက ကြိုသိပြီး သူ့လူကိုယ့်ဘက်သားအနေနဲ့ ဂွန်ဝုကို ထည့်ခဲ့တာ။ အခုတော့ အစ်ကိုမက်သရူးကိုကြည့်ပြီး သနားမိတာများသိရင် အစ်ကိုဟန်ဘင်း စိတ်ဆိုးလေမလား မသိတော့။

"မထွက်တော့ဘူးလား"

အစ်ကိုဟန်ဘင်းအကြောင်းတွေးနေတုန်း ရောက်လာတာမို့ ဂွန်ဝုလန့်သွားတယ်။

အစ်ကို မက်သရူးက အနီရောင်၀တ်ထားတာကို အစ်ကိုဟန်ဘင်းက အနက်ရောင်၀မ်းဆက်။

"အစ်ကို အရောင်က ဘယ်လိုကြီးလဲ"

"ဈာပနပွဲ မဟုတ်ဘူးလား"

ဂွန်ဝုပင် အစ်ကို မက်သရူးကို အားနာသွားတယ်။

@@@@@@@@@@@@@@@@@@@@

"မပြီးသေးဘူးလား"

"ပြီးပါပြီ ကိုကို"

ကိုကိုတဲ့ နားကလောလိုက်တာ။

ဟန်ဘင်းနားကို မဝံ့မရဲ ရောက်လာတဲ့ သူ့ကို တစ်ချက်ငဲ့ကြည့်လိုက် အသားက ဖြူဥနေပြီး အနီရောင်ကို ၀တ်ထားတဲ့အခါ စိတ်မကြည်ပေမယ့် ဒီကောင်လေး လှလိုက်တာဆိုတာကိုတော့ လက်ခံမိတယ်။ ဖုန်းထဲမှာ မြင်ရတဲ့ ပုံထက် အပြင်မှာက အတော်လေး ပိုချောတယ်။

ဟန်ဘင်း မက်သရူးလက်ကို ဆတ်ခနဲယူက သူ့လက်မှာ ကောက်ချိတ်လိုက်တယ်။

"အပိုတွေ လုပ်မနေနဲ့ မင်းသေမလောက် လုပ်ချင်နေတဲ့ မင်္ဂလာပွဲမလား။ သေအောင်ပျော်တဲ့ပုံနဲ့နေ"

ဟန်ဘင်း ခပ်တင်းတင်းပြောလိုက်တော့ မဲ့ကျသွားတဲ့ မျက်နှာကို ချက်ချင်းပြင်ကာ ပြုံးလိုက်တဲ့ ကောင်လေး။ သူ့ကိုတွဲထားတဲ့ လက်က အိအိလေး။

My hornable love (Complete)Where stories live. Discover now