မေမေတို့ ရောက်လာတော့ အခြေအနေက ထင်ထားတဲ့အတိုင်း တင်းမာနေတယ်။ ဒါပေမယ့် မက်သရူးကိုတော့ လေသံဖျော့ကာ
"သား ကနေဒါကို ပြန်လိုက်မယ်မလား"
"မေမေ သားက..."
"ထပ်ပြီး သားအပေါ်ကို မကြင်နာတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သားဘ၀ကို ဆက်နစ်နေမှာမျိုးတွေ ထပ်မလုပ်တာ ကောင်းမယ်"
"မဟုတ်ဘူး မေမေရယ် ကိုကိုက အရင်ကလို..."
"တော်တော့သားရယ်။ က်ုယ့်ကိုယ်ကို မလိမ်ချင်စမ်းပါနဲ့။ သူ့ချစ်တဲ့ တခြားတစ်ယောက်ကို သားရှေ့မှာ တွဲခဲ့တာနော်"
"မဟုတ်ဘူး မေမေ ခု ကိုကိုက..."
"အရင်က လက်ထပ်ပွဲကို သားဖေဖေစီစဉ်တာဆိုတော့ အဆင်ပြေမယ်ထင်ပြီး မေမေဘာမှ မကန့်ကွက်ခဲ့တဲ့ နောင်တကို မေမေခုထိရတုန်းနော်"
"မေမေ"
"တော်တော့သား။ ကနေဒါကို ပြန်လိုက်ခဲ့။ ဟိုရောက်တဲ့အချိန်ကာလတစ်ခုအထိ သားကို ချစ်ပါတယ်လို့ပြောနေတဲ့သူက သူ့အချစ်ကို သက်သေပြနိုင်ရင် မေမေ သဘောတူပေးမယ် ဟုတ်ပြီလား။"
"-------"
"သား ကနေဒါကို လိုက်ကို လိုက်ခဲ့ရမယ်"
မေမေပြောတော့ မက်သရူးမှာ မငြင်းနိုင်။ ရတယ်လေ။ ကနေဒါရောက်လည်း မက်သရူးတို့အချစ်က ပြောင်းလဲမှာမှ မဟုတ်တာ။ လိုက်ခဲ့ဆိုတော့လည်း လိုက်သွားရုံပေါ့။ ကိုကိုက မက်သရူးကို ချစ်တာ အချစ်စစ်ဖြစ်ကြောင်း မေမေ့ကို သက်သေပြနိုင်မယ်ဆိုတာ မက်သရူး ယုံတယ်။
@@@@@@@@@@@@@@@@@@@@
"ခဏပဲ သွားမှာလေ ကိုကိုရာ"
မက်သရူး ဘယ်လိုပြောပြော ကိုကိုကတော့ မက်သရူးလက်ကိုသာကိုင်ပြီး ငိုနေရင်းက ငုံ့ထားတဲ့ ခေါင်းကို တသွင်သွင်ရမ်းရင်း
"မဟုတ်ဘူး မက်ချူး။ မက်ချူး လိုက်သွားရင် ပြန်လာရမှာ မဟုတ်ဘူး"
"ဘာလို့ ပြန်လာလို့မရရမှာလဲ ကိုကိုရဲ့။ မေမေက ကျွန်တော့်ကို တိုက်ပိတ်ထားမယ်ထင်လို့လား"

YOU ARE READING
My hornable love (Complete)
ФанфикOTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာပေးတာပါ။ ပြီးတော့ Gyujin နဲ့ Shentaerae ပါနော်🚨🚨🚨