Part- 10

558 70 1
                                    

မက်သရူး စိတ်ပညာရှင်နဲ့  Counseling ယူနေရတယ်လို့ ဂွန်ဝုက ပြောတော့

"အပိုတွေ လုပ်နေတာ နေမှာ"

လို့ ဟန်ဘင်း ပြန်ပြောခဲ့ပေမယ့် တကယ်တမ်းကြတော့ အပြစ်ရှိသလို ခံစားနေရတာ မရပ်တော့။

လက်ထပ်နေ့က ကိစ္စကို ဂွန်ဝုက အကုန်သိနေကာ

"အစ်ကို မသိဘူးလား အစ်ကိုမက်သရူးမှာ အတွေ့အကြုံမရှိဘူးဆိုတာကို " ဆိုတဲ့ စကားကနေ သံသယ၀င်ပြီးတော့

"ဂွန်ဝု သူက တကယ် First time လား"

"ဟုတ်တယ် အစ်ကို မသိဘူးဆိုတာ တကယ်အံ့ဩတယ်။ သိသိရဲ့နဲ့"

"မဟုတ်ဘူး ဂွန်ဝု ငါအဲ့လောက်တော့--"

မယုတ်မာဘူးဆိုတဲ့ စကားကို ပြောချင်ပေမယ့် ဟန်ဘင်း မပြောနိုင်။

"ကျွန်တော်သိပါတယ်။ အစ်ကို အဲ့လောက် မယုတ်မာဘူးဆိုပေမယ့်။ ဒါပေမယ့် အစ်ကို မုန်းတာကတော့ "

ဂွန်ဝုက ဆက်မပြော‌ေတာ့ပါ။ တကယ်ဆို ဂွန်ဝုက အဲ့လောက်ထိ သူ့ကို မပြောနိုင်။ ပတ်ဂွန်ဝုက မက်သရူးလူဖြစ်သွားပြီလားဆိုပြီး တွေးမိတယ်။

"အစ်ကိုဟန်ဘင်းက အစ်ကို့အကြောင်းကိုမသိပါဘူး။ အစ်ကိုက သနားဖို့ကောင်းတယ်။ ပြီးတော့ မသနားချင်လောက်အောင်ကို ဒေါသထွက်ဖို့က ပိုကောင်းတယ်။ အစ်ကို ဟန်ဘင်း ရက်စက်တာကို အကုန်ခံနိုင်တဲ့အထိ အစ်ကိုက ချစ်တာတဲ့လေ"

ဟန်ဘင်းကို အစ်ကိုဟန်ဘင်းတဲ့။ မက်သရူးကိုတော့ အစ်ကိုတဲ့။ ဂွန်ဝုက သူ့လူမဟုတ်တော့ဘူးဆိုတာ ၀န်ခံနေသလိုပင်။

ဆော့မက်သရူးက သူ့ကို ချစ်တယ်တဲ့လား။ ဟန်ဘင်းမသိ။ မသိရတာပဲ ကောင်းမယ်ထင်။ သိလိုက်ရတော့ ဟန်ဘင်း စိတ်တွေ နောက်ကျိရတယ်။

အားနာစရာကောင်းတာက များခဲ့သလို။ လက်ထပ်ပြီးနောက် ဟန်ဘင်းဘက်က ရင့်သီးခဲ့တာလည်း များတယ်။

"ငါ့ဝေယျာ၀စ္စတွေ မင်းမှာ လုပ်ပေးရမယ့် တာ၀န်ရှိတယ်"

လို့ ပြောခဲ့တာနဲ့ ဟန်ဘင်းအတွက် မနက်စာကို ဆော့မက်သရူးက ကိုယ်တိုင်ပြင်ဆင်ပေးခဲ့တာတဲ့။ ဟန်ဘင်းမသိခဲ့။ လက်ရာပြောင်းနေတာ သိပေမယ့် စားဖိုမှူးအပြောင်းအလဲကြောင့်လို့ထင်ခဲ့တာ။ ဟန်ဘင်းသိတဲ့အချိန်မှာ ဟန်ဘင်းပါးစပ်က မက်သရူး ပြင်ပေးတဲ့ မနက်စာကို တောင့်တတတ်နေပြီ။ အထူးသဖြင့် ဘယ်လိုကြော်ထားမှန်းမသိတဲ့ အာလူးကြော်။ ဟန်ဘင်းစိတ်လိုလက်ရရှိလို့ စားချင်တိုင်း ကြော်ခိုင်းခဲ့တာ။ အဆိုးဆုံးကတော့ ယူဂျင်းအိမ်မှာ သောက်ကြတိုင်း မက်သရူးကို ကြော်ခိုင်းပြီး သယ်သွားခဲ့တာ။ မက်သရူးစိတ်ကို တချက်မှ မတွေးခဲ့။ ယူဂျင်းတို့က ကြိုက်တယ်ဆိုတာကိုပင် ဂုဏ်ယူ‌‌နေလိုက်သေးတယ်။

My hornable love (Complete)Where stories live. Discover now