🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာပေးတာပါ။ ပြီးတော့ Gyujin နဲ့ Shentaerae ပါနော်🚨🚨🚨
အခန်းတံခါးခေါက်ပြီး ၀င်သွားတော့ အိပ်ယာပေါ်မှာ မက်သရူးက သက်သောင့်သက်သာ စာဖတ်နေတယ်။
ဂျီ၀န်းတို့ ၀င်လာတာမြင်တော့ အံ့ဩသွားပုံကို ထိန်းမရ။
"အစ်ကိုဂျီ၀န်း ပြန်လာရမယ့်ရက်.."
"အင်း စောပြီးလို့လေ။ မက်သရူး သက်သာလား"
"အာ ဘာမှ မဖြစ်တော့ပါဘူး။ ဂွန်ဝုက အစိုးရိမ်လွန်နေလို့ အလုပ်လည်းမသွားရဘူး။ ဘယ်မှ မသွားရဘူး။ အိမ်မှာပဲ နားနေရတာ။"
"ဪ..."
ဂျီ၀န်း ဂွန်ဝုကိုကြည့်ပြီး
"ကျွန်တော်တို့ မက်သရူးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"အာ ဟုတ်ကဲ့ ရပါတယ်။ အယ်မဟုတ်တာ"
မက်သရူးဘယ်တုန်းကမှ ဂွန်ဝု ဒီလောက်ထိ ရှက်သွားပုံကို မမြင်ဖူး။
"အာ ဂွန်ဝုက အစ်ကိုဖန်လေ"
မက်သရူး မိတ်ဆက်ပေးတော့
"ဘာလိုချင်လဲ။ ဓာတ်ပုံအတူတူရိုက်မလား။ sign ထိုးပေးရမလား"
"ဟို နှစ်ခုလုံး"
"အာ ရတာပေါ့"
ဂွန်ဝုကမ်းပေးတဲ့ Note book ပေါ်မှာ လက်မှတ်ထိုးတော့ ရစ်ကီ
"အာ album ပေါ်မှာ မဟုတ်ရင် မထိုးပါနဲ့လို့ မှာထားတာကို"
"အလုပ်ရောဂါရနေလို့ သူ့ကို ဂရုမစိုက်နဲ့နော်"
ဂျီ၀န်းကပြောရင် သူ့ဖုန်းနံပါတ်ကို ချရေးတာမို့
"မက်သရူးကို စောင့်ရှောက်ပေးပါဦး"
တဲ့။
ဂွန်ဝု sign ရော ဓာတ်ပုံရောရိုက်ခဲ့ရတယ်ဆိုတော့ ၀န်ထမ်းတွေက သူ့ထက်ငါ လက်မှတ်ထိုးခိုင်းဖို့ စာအုပ်တွေပြင်ထကြတာ အသင့်။
@@@@@@@@@@@@@@@@@@@@
မက်သရူး ဆေးရုံကဆင်းပြီးနောက် ဟန်ဘင်းအရင်လို အိမ်ကို နောက်ကျပြီးမှ ပြန်တာမျိုးမလုပ်ဖြစ်တော့။ ဟန်ဘင်းကို မက်သရူး စောင့်နေရတာမျိုး မဖြစ်စေချင်လို့ပင်။
YOU ARE READING
My hornable love (Complete)
FanficOTP မြိုင်မြိုင်ဆိုင်ဆိုင်လေး နောက်တစ်ပုဒ်ပါ ဖတ်ပေးကြပါဦးနော် Edit 🚨🚨🚨 Main OTP က Binthew ပါနော်။ အပိုင်း ၃ မှာကတည်းက ပြောထားပေမယ့် ထပ်ပြီး သတိလာပေးတာပါ။ ပြီးတော့ Gyujin နဲ့ Shentaerae ပါနော်🚨🚨🚨