Part -13

638 78 17
                                    

"ကမ္ဘာကြီး ပြောင်းပြန်လည်ရင်တောင် အစ်ကိုမက်သရူး ကို ပြန်ချစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ"

"ကိုကိုကလည်း စိတ်ပူရုံနဲ့ ချစ်တယ်လို့ ပြောလို့မရပါဘူး။ လုပ်ဖော်ကိုင်ဖက်လည်း စိတ်ပူလို့ရတာပဲ။ အထူးသဖြင့် အစ်ကိုဟန်ဘင်းလို စိတ်ထားကောင်းတဲ့သူက လမ်းပေါ်မှာ မသိတဲ့သူ လဲကျနေရင်တောင် စိတ်ပူနေမှာပဲ"

"မတူဘူး ဘေဘီရဲ့။ အဲ့နေ့က အစ်ကိုဟန်ဘင်း စိတ်ပူပုံကို ဘေဘီ မြင်ရင်သိမှာ။ အစ်ကိုဟာအိုမြင်ရင် ရူးတောင် ရူးသွားနိုင်တယ်"

"ကိုကို့အထင်နေမှာပေါ့"

"တကယ်ပါဆို ဘေဘီ ကိုကို့ကို မယုံဘူးလား"

ယူဂျင်းသွားရာ တကောက်ကောက်လိုက်ပြီး တတွတ်တွတ်ပြောကာ ကလေးဆန်နေတဲ့ ကိုကို့ကို ကြည့်ရင်း

"မယုံဘူးဆိုရင် ဆော့မက်သရူးကို နောက်တစ်ခါ မူးလဲခိုင်ပြီး အစ်ကိုဟန်ဘင်း ချစ်မချစ်ဆိုတာ ပြမလို့လား"

"အဲ့အကြံမဆိုးဘူး။ အစ်ကိုမက်သရူး မူးမလဲရင် ကိုကိုက တုတ်နဲ့ နောက်က ချောင်းရိုက်လိုက်မယ်"

"နေပါဦး ဆော့မက်သရူးကို အစ်ကိုမက်သရူးနဲ့ခေါ်နေလောက်အောင် ရင်းနှီးလို့လား"

"အင်း ကိုကို့ကို ကျေးဇူးတင်တဲ့အကြောင်းလာပြောတာ။ ချောတာ အသားဖြူတာက မင်္ဂလာပွဲမှာ မြင်ဖူးလို့ သိတယ်မလား။ အပြုံးကလေ တကယ်နွေးထွေးတာသိလား။ စကားပြောကြည့်တော့ အတော်ချစ်စရာကောင်းတယ်"

"အစ်ကိုဟာအိုကို သစ္စာမဖောက်နဲ့"

ယူဂျင်းက ကလေးအတွေးနဲ့ ပြောပေမယ့် ဂယူဘင်း မရယ်ဖြစ်။ အစ်ကိုဟန်ဘင်းမှာရော အစ်ကိုဟာအိုကို သစ္စာဖောက်လို့မရဘူးဆိုတဲ့ အတွေးနဲ့များ။ ဂယူဘင်း ဆက်မတွေးချင်တော့။ အချစ်က နားလည်ရခက်ပြီး ရှုပ်ထွေးတဲ့ ပုစ္ဆာပင်။

@@@@@@@@@@@@@@@@@@@

မက်သရူး ဆေးရုံတက်နေတဲ့ သတင်းကို ထယ်ရယ်ဆီက သိရတော့ ဂျီ၀န်း ကိုရီးယားကို အမြန်ပြန်ဖို့ စီစဉ်ရတယ်။

ပြန်ရမယ့်ရက်ထက် နည်းနည်း စောပြန်ခဲ့ရတာပေမယ့် ဂျီ၀န်းရောက်တော့ မက်သရူးက ဆေးရုံက ဆင်းသွားခဲ့ပြီ။

My hornable love (Complete)Where stories live. Discover now